(ပြည်သူ့နီတိသင်တန်းအား သင်ကြားနေသော ရခိုင်လူငယ်များ။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)/DMG)
မေလ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်၊ ပုဏ္ဏားကျွန်း (DMG) ။ ။ ပုဏ္ဏားကျွန်းမြို့၊ ရွှေတောင်တန်း ဘုန်းကြီးကျောင်းတွင် အနာဂါတ်အလင်းရောင်ပညာရေးစင်တာ (FLEC) နှင့် iPACE (အမေရိကန်စင်တာ) တို့မှ ဦးစီးပြီး နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးနှင့် ပတ်သက်သော Civic Education Trining ပြည်သူနီတိသင်ကို မေလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သင်ကြားနေကြောင်း သိရသည်။
သင်တန်းဆရာ မန်းသိုက်ထွန်းနှင့် iPACE မှ ဆရာသန်းဇော်ဦးတို့က ဦးဆောင်သင်ကြားပေးနေကြောင်း သိရသည်။
“ ပြည်သူနီတိနဲ့ နိုင်ငံသားတွေရဲ့ အသိပညာအရေးကြီးကြောင်း၊ ဖွဲ့စည်းပုံအခြေခံနဲ့ အုပ်ချုပ်နေတာ ဖြစ်တဲ့အတွတ် နိုင်ငံသားတယောက် အခွင့်အရေးတွေ ရပိုင်ခွင့်နဲ့ တာဝန်ဝတ္တရားတွေ သိရှိနားလည့်စေရန် သင်တန်းလာပေးတာပါ။ ” ဟု Civic Education Trining ဆရာသန်းဇော်ဦးက ပြောသည်။
သင်တန်းအား ကျောက်တော် Royal Education Center ၊ မင်းပြား The Lights of Mizzima၊ စစ်တွေ Creative Garden၊ စစ်တွေ Center for Education ၊ Arts and Literature ပိုးရွီပြင်လူမှုးရေးအဖွဲ့အစည်း PNG Mobile Library ရသေ့တောင်၊ မြောက်ဦးမြို့နယ် စသည့် လူငယ်ကိုယ်စားလှယ်များ စုစုပေါင်း ၃၂ ဦး တတ်ရောက်သင်ကြားကြသည်။
သင်တန်းပေးရခြင်း ရည်ရွယ်ချက်မှာ ဒေသအတွင်း လူငယ်များနှင့် အမေရိကန်သံရုံးမှ တိုက်ရိုက်လာပေးသော သင်းတန်းကို ထိတွေ့စေချင်ကြောင်း၊ လူငယ်များ ဒီမိုကရေစီအကြောင်း အခွင့်အလမ်းများနှင့် ဒေသတခုတိုးတတ်ဖို့အပိုင်းများတွင် အစိုးရသက်သက်မဟုတ်ဘဲ ပြည်သူလူထုမှာလည်း တာဝန်ရှိကြောင်း၊ လူငယ်များ သဘောပေါက်နားလည့်စေရန် ဖွင့်လှစ်သင်ကြာပေးခြင်းဟု Future Light Education Centre ၏ ဒါရိုက်တာ ဦးရေဝတ ကပြောသည်။




