(နတလမှ ဆောက်လုပ်ပေးနေသည့် နတ်လှကျေးရွာမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဦးမြသန်း/ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်)

မေလ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်၊ မြေပုံ (DMG) ။     ။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်လူမျိုးများအား ရခိုင်ပြည်နယ်အတွင်း နေရပ်ပြန်ရန် ပြည်နယ်အစိုးရမှ စီစဉ်ဆောင်ရွက်ခဲ့ပြီး နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အသီးသီးတွင် ကျေးရွာများ တည်ဆောက်လုပ်ပေးလျက်ရှိရာ မြေပုံမြို့နယ်၊ ယိုးဆနွင်းကျေးရွာအုပ်စုတွင် တည်ဆောက်လျက်ရှိသည့် နတ်လှကျေးရွာတွင် ရေရှားမှုကို အကြီးအကျယ် ကြုံတွေ့နိုင်မည်ဖြစ်သကဲ့သို့ ၎င်းတို့၏ စားဝတ်နေရေးလည်း အလွန်အခက်အခဲ ဖြစ်ပေါ်စေနိုင်ကြောင်း မြေပုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက DMG သို့ ပြောသည်။

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တည်ဆောက်ပေးနေသည့် နတ်လှကျေးရွာတွင် (၁၈x၂၄) ပေ၊ သွပ်မိုး၊ အင်္ဂတေခင်း၊ အုတ်ကာ()ထပ်နေအိမ် (၅၀)လုံး တည်ဆောက်ပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဲဒီမှာ အားလုံးကျောက်တွေဗျာ။ ရေတွင်းတူးလည်း ရေထွက်မှာမဟုတ်ဘူး။ ကန်တူးရင်လည်း နွေရာသီဆို ရေခမ်းမယ့်သဘောရှိတယ်။ ပြီးတော့ တောင်တွေလည်းရှိနေတယ်။ အားလုံးကျောက်တွေနဲ့ဆိုတော့ နွေရာသီမှာဆို ရေခမ်းကြောက်သွားမယ်။ ရေအပြည့်အဝ ရကြမှာမဟုတ်ဘူး။ အခုရွာတည်နေတဲ့ နေရာနားမှာ ရွာနီးနားချင်းလည်းမရှိဘူး။ ရှိတဲ့ရွာတွေကလည်း သိပ်ဝေးလွန်းတယ်။ နောက်တစ်ခုက သူတို့ရဲ့ စားဝတ်ရေးပြဿပါ။ အိမ်ခြေ (၅၀) လာရောက် နေထိုင်မှာ။ အဲဒီတော့ သူတို့ဘယ်လိုလုပ်ကိုင် စားသောက်မလဲ။ လယ်လုပ်မယ်ဆိုရင်လည်း လယ်မရှိဘူး။ ရေလုပ်ငန်း လုပ်မယ်ဆိုရင်လည်း မြစ်နဲ့သိပ်ဝေးတာ။ ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းကပြောဆိုသည်။

ယင်းကဲ့သို့ ရေအခက်အခဲများ၊ စားဝတ်နေရေးအခက်အခဲများဖြင့် နေထိုင်ရမည်ဆိုလျှင် မကြာမီကာလအတွင်းတွင် အိမ်ခြေ(၅၀)မှ လူများသည် တခြားဒေသသို့ ပြောင်းရွှေ့သွားနိုင်ကြောင်းလည်း ၎င်းမှဆက်လက်ပြောကြားသည်။

အခု အိမ်()()လုံးလောက် ဆောက်ပြီးနေပြီဗျာ။ သူတို့ ဒီလိုနေရာကို ရွေးချယ်မသင့်ဘူး။ သူတို့ဒီလို ဒုက္ခကြုံတွေ့ရင် ဆက်နေမှာ မဟုတ်တော့ဘူး။  သူတို့ထွက်သွားရင် အဲဒီအိမ်တွေ အလကားဖြစ်ကုန်မှာ။ ဘာမှအကျိုးရှိမှာမဟုတ်ဘူး။ အခု ဒေသခံ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့လည်း ဘာမှတိုင်ပင်ပြီး လုပ်ဆောင်ခဲ့တာမရှိခဲ့ဘူး။ ကိုယ့်သဘောနဲ့ ကိုယ်ဆောက်လုပ်နေတယ်။ ” ဟု မြေပုံမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းက ပြောကြားသည်။

နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နတ်လှကျေးရွာတွင် ဆောက်လုပ်ပေးနေသည့် နေအိမ် (၅၀) တွင် နေထိုင်မည့်သူများသည် မြေပုံမြို့နယ်မှ အများဆုံးဖြစ်ကာ မင်းပြားနှင့် တခြားမြို့နယ်တို့မှလည်းပါဝင်ပြီး လက်ရှိတွင် ၎င်းတို့သည် မြို့နယ်အသီးသီးရှိ မိသားစုနေအိမ်များတွင် ယာယီနေထိုင်လျက်ရှိကြောင်းလည်း သိရသည်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်