(ရေနှစ်သေဆုံးသွားသည့် ကျောင်းသူနှစ်ထဲကတစ်ဦးအားတွေ့ရစဉ်။ ဓါတ်ပုံ - လင်းအိမ် (လေးမြို့)

ခင်သရဖီဦး။ ဇွန်လ (၁) ရက်၊ ၂၀၁၈ ခုနှစ်။    ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပြိုကျေးရွာတွင် မေလ ၃၁ ရက်နေ့က ခုနှစ်တန်းတက်မည့် ကျောင်းသူနှစ်ဦး ရာမောင်တံတားအနီးတွင်  ရေနှစ်သေဆုံးသွားကြောင်း သိရသည်။

၎င်းမိန်းကလေးနှစ်ဦးမှာ မလှအေးဆန်း အသက် (၁၅) နှစ်နှင့်  မနှင်းနုချေ အသက်(၁၄) နှစ်တို့သည် မေလ ၃၀ နေ့က ရာမောင်တံတားအနီးတွင် မြစ်ရေထဲ မျောပါသွားသည့် ပလစတစ်ပုံးကို ဆယ်ရာမှ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ရွာအနီး ရာမောင်တံတားအနားတွင် ကျောက်တင်သည့် ပလက်စတစ်ပုံးကို ရေဆေးရင်း ရေပုံးမျောပါသွားသည့်အတွက် မလှအေးဆန်းက လိုက်ဆယ်ယူရာတွင် ရေနစ်သွာခဲ့ပြီး မနှင်းနုချေကပါ လိုက်ကယ်ရင်း နှစ်ဦးလုံးရေနစ်သွားခဲ့ခြင်းဖြစ်သည်။

အလောင်းများကို မေလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နှစ်နာရီတွင် မလှဆန်းအေး အလောင်းအားလည်းကောင်း၊ ည ၆ နာရီတွင် မနှင်းနုချေအားလည်းကောင်း ဆယ်ယူရရှိခဲ့ပါသည်။

အလောင်းများကို မင်းပြားဆေးရုံးသို့ စစ်ဆေးရန် ယူဆောင်သွားခဲ့ပြီး မေလ ၃၁ ရက်နေ့တွင် ရွာ၌ သဂြိုလ်လိုက်ကြောင်းသိရသည်။