ချလူးအောင် | DMG
ဇွန်လ ၅၊ မောင်တော

မောင်တောမြို့နယ် နယ်ခြားစောင့်ရဲကင်းစခန်းများသို့ လစာ/ရိက္ခာ ထောက်ပံ့ပစ္စည်းများ ထုတ်ပေးရန် လာရောက်သည့် ယာဉ်နှစ်စီးသည် တောင်ပြို(ယာ)တံတားအနီးတွင် ၎င်းတို့မှာပါလာသည့် ဗုံးသီး မတော်မဆပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် ရဲတပ်သားတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည်ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(၁)မှ တပ်ဖွဲ့ဝင်များသည် နယ်မြေ ၁ နှင့် နယ်မြေ ၂ များအတွက် လစာ/ရိက္ခာထောက်ပံ့ပစ္စည်းများ ထုတ်ပေးရန်လာရောက်စဉ် လုံခြုံရေးလိုက်ပါလာသည့် ရဲတပ်သားတစ်ဦး သယ်ဆောင်လာသည့် ဗုံးသီး(၃) လုံးထဲမှ (၁)လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို မောင်တောဆေးရုံသို့ သယ်ဆောင်လာပြီး ဒဏ်ရာရရှိသူများကို ဆေးကုသမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Author: Admin