
ဇုလိုင်လ (၃၁) ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင်/DMG
မောင်တောမြို့နယ် နတ်မြစ်အတွင်း ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ဘင်္ဂါဒေရှ့်နိုင်ငံသား (၃)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြာများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂလားဒေရှ့်နိုင်ငံသား (၃) ဦးနှင့် စိတ်ကြွဆေးပြားများကို နတ်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မောင်တောမြို့နယ်၊ ကျီးကျွန်းတောင်ဘက် ထိပ်အနီးတွင် ဘင်္ဂလာရှ့်နိုင်ငံဖက်သို့ လှော်ခတ်နေသည့် လှေတစ်စီးအား မသင်္ကာသဖြင့် ဖမ်းဆီးစဉ် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် ဘင်္ဂလားဒေရှ့်နိုင်ငံသား (၃)ဦးတို့မှာ မာမတ်ဆာဒိတ်၊ အသက် ၂၅ နှစ် မာမတ်ဆူလီ အသက် (၁၉ )နှစ်၊ ရှောင်ရှူးအာလောင် အသက်(၂၅)နှစ် တို့ဖြစ်ပြီး ၄င်းတို့နှင့်အတူ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀ ပြား ကာလတန်ဖိုး ငွေကျပ် ၃၉၀၀၀၀၀၀ ခန့်အားဖမ်းဆီးရမိခဲ့ပြီး အမှုအား အမှတ်(၄၆)မူယစ်အထူးတပ်ဖွဲ့သို့လွဲပြောင်းပေးအပ်ပြီး ဖမ်းဆီးရမိ သူများကို မူယစ်ဆေး ဥပဒေ နှင့် လ၀က ဥပဒေ များဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းလည်းသိရသည်။




