သြဂုတ် ၁၈၊ ချလူးအောင်

မောင်တောမြို့၊ ရွှေစားကျေးရွာအုပ်စု၊ ရွှေစားတံတားအနီး တွင်  သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဘင်္ဂါလားဒေရှ့် နိုင်ငံဖက်သို့ တင်ပို့မည့် ဂျင်းများသယ်ဆောင်လာသော ယဉ်တစ်စီးအတွင်းမှ စိတ်ကြွမူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့မစခန်းမှူ ဒုရဲမှူး ကျော်မျိုးထက်ကပြောသည်။

အဆိုပါ မူးယစ်ဆေးဝါး ဖမ်ဆီးရရှိမှုအပေါ် ဒုရဲမှူးကြီး ကျော်မျိုးထက်က ယခုလိုပြောသည်။

" ဟုတ်ပါတယ်။ ဖမ်းမိတဲ့ အရေအတွက်ကတော (၂၇၆၆၀၀၀) နှစ်ဆယ်ခုနှစ်သိန်း ခြောက်သောင်း ခြောက်ထောင် ဖြစ်ပါတယ်။ ကာလတန်ဖိုးကတော (၈၂၉၈၀၀၀၀၀) သိန်းရှစ်သောင်းနှစ်ထောင် ကိုးရာရှစ်ဆယ် တန်ဖိုးဖြစ်ပါတယ်။ တရားခံတွေ ဖမ်းဆီးရမိဖို့နဲ့ ကွင်းဆက် တံရားခံတွေကို ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ” ဟု ပြောသည်။

ယခုတစ်နှစ် မောင်တောမြို့နယ်တွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ ၂၀၁၈ ခုနှစ်၊ ယခုအချိန်ထိ ဖမ်းဆီးရရှိ မှုထဲတွင် စံချိန်တွင် ဖမ်းဆီးရမိ ခဲ့ခြင်းလည်းဖြစ်သည်။ မူးယစ်ဆေးဝါး စုစုပေါင်း တန်းဖိုးမှာ ငွေကျပ်သိန်း ပေါင်း (၈၂၉၈၀၀၀၀၀) ခန့်ရှိကြောင်း သိရသည်။

Author: ချလူးအောင်