(ဆရာတော် ဦးဝီရသူ ဦးဆောင်သာအဖွဲ့ အငူမော်ဆိပ်ကမ်းသို့ရောက်ရှိခဲ့စဉ်။ ဓါတ်ပုံ - ချလူးအောင်/DMG)

ဇူလိုင် ၁၁ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။    ။   ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းခိုလှုံလာသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များကို စားနပ်ရိက္ခနှင့် ကျေးရွာများရေရှည်တည်တံ့စွာ တည်ရှိရေးအတွက် ကူညီထောက်ပံ့ရန် ဆရာတော် ဦးဝီရသူ ဦးဆောင်သောအဖွဲ့ မောင်တောဒေသသို့ ရောက်ရှိနေပြီဖြစ်သည်။

 

ယနေ့ နံနက် ၆ နာရီက လေယဉ်ဖြင့် စစ်တွေသို့ ရောက်ရှိလာပြီး အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်းတွင် ခေတ္တအနားယူကာ နေ့လည် ၁၂ နာရီခွဲတွင် မောင်တောဒေသသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

 

ဆရာတော် ယခုကြွရောက်လာခြင်းမှာ ရခိုင်ပြည်နယ် ကယ်ဆယ်ရေးကိစ္စနှင့် ရောက်လာခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသနေ ရခိုင်တိုင်းရင်းသားများကို ကူညီထောက်ပံ့ရေးကိစ္စဖြင့် ကြွရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ဆရာတော်သည် ဘင်္ဂလားဒေ့ရှ်မှ ပြောင်းရွေ့လာသော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအား အဓိကထား ထောက်ပံ့ကူညီနေခြင်းဖြစ်သလို မောင်တောမြို့နယ်ရှိ ရခိုင်ကျေးရွာများ ရေရှည်တည်တံစွာ နေထိုင်နိုင်ရေးအတွက်ပါ ကူညီထောက်ပံ့သွားမည်ဟုသိရသည်။

 

ဆရာတော် ဦးဝီရသူ ဦးဆောင်သောအဖွဲ့မှာ နေလည် ၁ နာရီ ၄၀ တွင် အငူမော်ဆိပ်ကမ်းကနေတဆင့် ရောက်ရှိသွားခြင်းဖြစ်ပြီး ဆရာနှင့် သံဃာ ၉ ပါးနှင့် လူပုဂ္ဂိုလ် ၅ ဦး လိုက်ပါလာပြီး အစိုးရသစ်လက်ထက်မှာ ယခုတစ်ကြိမ်ဆိုနှစ်ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။ 

 

ဆရာတော် ဦးဆောင်သော အဖွဲ့မှာ ပြီးခဲ့သည့် မေလ ၃ ရက်နေ့ကလည်း ယခုလိုမျိုး ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဘူးသီးတောင်၊ မောင်တေဒေသသို့ ရောက်ရှိခဲ့သည်။

Author: ချလူးအောင်