စက်တင်ဘာ ၅၊ ချလူးအောင်၊ DMG

မနက်ပိုင်းတွင် မောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲလက်ခံရေး စခန်းသို့ စတင်ဘာလ(၄)ရက်နေ့ က ဘင်္ဂလီ(၆)ဦး ပြန်လည်ဝင်ရောက်လာသည်ဟု ယင်းစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြန်လာသူများမှာ  ​မီးတိုက်ကျေးရွာအုပ်စု ၊ ရဲ​အောင်​​ချောင်းရွာတွင် ယခင်က နေထိုင်ဖူးခဲ့သည့် မာမတ်​​ရှော်​ရီ (အိမ်​​ထောင်​ဦးစီး)အပါအဝင် မိသားစုဝင်(၅) ဦးတို့ကဖြစ်သည်ဟု  အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“သူတို့ကိုUEHRDရဲ့ လုပ်ငန်းစဉ်အတိုင်း NVCard ပြုလုပ်​ခြင်းနဲ့ ​EIDမှတ်​တမ်း ယူတာတွေကိုတရားဝင်ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

ပြန်ဝင်လာသူများကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ  စားနပ်ရိက္ခာနှင့်လူသုံးဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။ သူတို့ ဆွေမျိုးများနေထိုင်နေသည့်  မြို့မတောင် ရပ်ကွက်တွင် ယာယီနေထိုင်နိုင်ရန်  ကျေးရွာ တာဝန်ခံ ဦးအာယု ထံသို့လွှဲပြောင်းပေး အပ်လိုက်ကြောင်း သိရသည်။

ဘင်္ဂလာ​ဒေ့ရှ်​နိင်​ငံသို့ ထွက်​​ပြေးတိမ်း​ရှောင်​သွားသည့် ​ဘင်္ဂလီများ ပြန်​လည်​၀င်​​ရောက်​လာသည်​မှာ ယခင်​ (၁၄၈)ဦးရှိသည်။ယင်းအထဲမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ပြန်​လည်​ထွက်ပြေးသွားသူ(၆၂)ဦးရှိကြောင်းသိရသည်။

မြန်မာအစိုးရအနေဖြင့် နေရပ်စွန့်ခွာသွားသည့် ဘင်္ဂလီများအား ပြန်လည်လက်ခံရန် ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ပြီး အဆင်သင့်ဖြစ်နေသည်ဟု ထုတ်ပြန်ထားသည်။ ပြန်လည်လက်ခံရေးလုပ်ငန်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နှစ်နိုင်ငံချင်း ပူးပေါင်းလုပ်ဆောင်နေပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။