ချလူးအောင်၊DMG

အောက်တိုဘာလ ၂၀၊မောင်တော

 

မောင်တောမြို့တွင် ဘင်္ဂလာဒေ့ရှ်-မြန်မာနယ်စပ်ဆက်ဆံရေးရုံး အောက်တိုဘာလအတွင်းတွင် ဖွင့်လှစ်သွား မည်ဟု ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ဆက်ဆံရေးရုံးကော်မတီဥက္ကဌ မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူး ထွန်းမြတ်ထွန်းက ပြောသည်။

 အဆိုပါရုံးကို ဘင်္ဂလီများ ပြန်လည်လက်ခံရေးကိစ္စ၊ (၇) ရက် ဗီဇာနှင့် ပြန်လည်သွားလာနိုင်ရေး၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် တရားခံများကို  ပူးပေါင်းဖမ်းဆီးနိုင်ရန်၊ Daily passport ပြန်လည်ဖွင့်နိုင်ရေးနှင့်  လူကုန်ကူးမှုများ တားဆီးကာကွယ်နိုင်ရန်တို့အတွက် ဖွင့်လှစ်မည်ဟု မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ထွန်းမြတ်ထွန်းက ဆိုသည်။

 “နောက် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ တရားခံတွေ ဟိုဖက်နိုင်ငံ၊ ဒီဖက်နိုင်ငံ တိမ်းရှောင်နေမှုတွေကို ပူးပေါင်း ဖမ်းဆီးနိုင်ဖို့ပါ။ လူကုန်ကူမှုတွေ တားဆီးကာကွယ်နိုင်ဖို့ စတဲ့ကိစ္စရပ်တွေကို နှစ်နိုင်ငံပူးပေါင်းပြီး ဆောင်ရွက် သွားနိုင်ဖို့ ဖွင့်လှစ်တာဖြစ်တယ်”ဟု ၎င်းကပြောသည်။

 ယင်းဆက်ဆံရေးရုံးကို မောင်တောမြို့ အမှတ်(၁)အဝင်/အထွက်စခန်းတွင် ရုံးခန်းဖွင့်လှစ်မည်ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့တွင်လည်း ဖွင့်လှစ်သွားမည်ဟု သိရသည်။

ဓာတ်ပုံ-ချလူးအောင်/DMG

Author: ချလူးအောင်