(ဘင်္ဂလီများ ဓါးဖြင့် ဝိုင်းခုတ်လိုက်မှူကြောင့် ပြင်းထန်ဒဏ်ရာများဖြင့် မောင်တောဆေးရုံသို့ ရောက်ရှိလာသော ဦးမောင်သာနှင့် ဦးရန်ကို။ ဓါတ်ပုံ - ချလူးအောင်/DMG)

မေလ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG) ။     ။   မောင်တောမြို့နယ်မှာ ဘင်္ဂလီ ၃၀ ဦးခန့်က ဓါးများဖြင့် ဝိုင်းခုတ်လိုက်သော နတ်ချောင်းကျေးရွာ(မြိုရွာ)မှ မြိုလူမျိုး ၂ ဦးမှာ  ပြင်းထန်ဒဏ်ရာများဖြင့် မောင်တော ဆေးရုံသို့ ဆေးကုသရန် ယနေ့ နံနက်က ရောက်ရှိနေကြောင်း သိရသည်။

မေလ ၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် နယ်မြေ (၄) မြိုလူမျိုးနေထိုင်သော လဘော်ကျေးရွာ (မြိုရွာ) အနီးရှိ ဝါးတော၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မောင်တော နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြိုလူမျိုး ၃ ဦး ဝိုင်းရိုက်ခံရသော်လည်း တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်နှစ်ဦးဖြစ်သည့် အဘ ဦးမီးချိုင်း၏သား (အသက် ၅၀ နှစ်) ဦးရန်ကိုနှင့် အဘ ဦးမန်တောင်း၏သား (အသက် ၆၅ နှစ်) ဦးမောင်သာတို့ဖြစ်ပြီး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

ဦးရန်ကိုမှာ ဦးခေါင်းတွင် ဒဏ်ရာများ ပြင်းထန်စွာရရှိပြီး ဘယ်ဘက်လက် ကျိုးသွားကြောင်း၊ ဝမ်းဗိုက်တွင်လည်း ဒဏ်ရာများ ရရှိခဲ့သည်။ ဦးမောင်သာမှာ လက်နှစ်ဘက်စလုံး ဒဏ်ရာများနှင့် ကျောကုံး၊ ဝမ်းဗိုက်နှင့် လက်မောင်းတွေမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် နတ်ချောင်းအုပ်စု မြို့လူမျိုးနေထိုင်သော နတ်ချောင်းကျေးရွာနေ မြို့လူမျိုးစိုက်ပျိုးထားသည့် ဝါးတောများအား ဘင်္ဂလီကုလားများက ခိုးခုတ်နေစဉ် ပိုင်ရှင်းများက တွေ့၍ ဟန့်တားရာ ဘင်္ဂလီကုလား (၃၀) ဦးခန့်မှ နတ်ချောင်းရွာသား မြို့လူမျိုး (၃) ဦးကို ဓါးဖြင့် ဝိုင်းခုတ်လိုက်ကြောင်း အခုတ်ခံရသည့်ထဲက တစ်ဦးဖြစ်သူ ဦးမောင်သာက DMG သို့ ပြောသည်။

အဆိုပါ မြိုလူမျိုး ၂ ဦးကို ဝိုင်းခုတ်လိုက်သော ဘင်္ဂလီများမှာ တပ်ချောင်းရွာနတ်ချောင်းရွာ (ဘင်္ဂလီ)လောင်ဘုတ်ရွာဒေဝါနာလီရွာ စသည့် ကုလားရွာပေါင်း ၂၀ ကျော်က ဘင်္ဂလီ ၃၀ ဦးခန့် ဖြစ်ကြောင်း ဦးမောင်သာကဆိုသည်။

ဒဏ်ရာပြင်းထန်စွာ ရရှိထားသော မြိုလူမျိုး ဦးမောင်သာနှင့် ဦးရန်ကိုတို့ ၂ ဦးမှာ မောင်တောဆေးရုံ၌ ဆေးကုသရန် ခေတ္တနေထိုင်နိုင်ရေးအတွက် အကူအညီများ လိုအပ်လျှက်ရှိကြောင်း ၄င်းတို့၏မိသားစုဝင်များက ပြောသည်။ 

Author: ချလူးအောင်