(မောင်တော-ဘင်္ဂလာနယ်စပ်တစ်ခုတွင် လုံခြုံရေးယူနေသော မြန်မာနယ်ခြားစောင့်တပ်ရင်းတစ်ခု။ ဓါတ်ပုံ - မြင့်မြတ်ဖြူ/DMG)

သြဂုတ်လ ၂၅ ၇က် ၂၀၁၇ ခုနှစ်၊ (DMG) ။    ။    ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း သြဂုတ်လ ၂၄ ရက်နေ့ ညအချိန်က အစွန်းရောက်ဘင်္ဂါလီအကြမ်း ဖက်သမားများ၏ တိုက်ခိုက်မူအခြေအနေများကြောင့် ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို  အချိန်တိုးမြှင့် သတ်မှတ်လိုက်ကြောင်းသိရသည်။

အဆိုပါ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ယခင် ညနေ့ ၉ နာရီမှ နံနက် ၅ နာရီထိအချိန်ထုတ်ပြန်ထား ရာကနေ့ ယနေ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ညနေ ၆ နာရီမှ နံနက် ၆ နာရီအချိန်အထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ ၈ ရက်တွင် စတင်ထုတ်ပြန်ခဲပြီး  ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့က နယ်ခြား စောင့်ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရပြီး နောက်ပိုင်းတွင်  အချိန်ပြောင်းလဲထုတ်ပြန်ခဲ့ပြီး ယခု သြဂုတ်၂၄ နှင့် ၂၅ တို့တွင် မောင်တော ဘူသီးတောင် ရသေ့တောင် စသည့် မေယုဒေသတစ်ခုလုံး၏ လုံခြုံရေးကင်းစခန်းများအား ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက ပြင်းထန်စွာတိုက်ခိုက်ပြီးနောက်ပိုင်း အချိန်တိုးမြှင့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ တပ်မတော်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲကင်းစခန်းများမှ လက်နက်ငယ် ၅ လက် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများနောက် ပါရှိသွားခဲ့ကြောင်း၊ တပ်မတော်ဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမား အလောင်း ၁၅ လောင်းရရှိခဲ့ကြောင်း သိရသည်။

Author: ချလူးအောင်