(အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Mr. John David Galbraith အဖွဲ့နှင့်  မောင်တောဒေသခံတို့ ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ဆုံကြစဉ်။ ဓာတ်ပုံ - ချလူးအောင်)

ဒီဇင်ဘာ ၇ ရက် ၊ ၂၀၁၇ ခုနှစ် ။      ။ အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Mr. John David Galbraith ဦးဆောင်သော ၆ ဦးပါ သံတမန်အဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့က မောင်တောဒေသသို့ သွားရောက်ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံကာ အကြမ်းဖက်မှုဖြစ်စဉ်များနှင့် လက်ရှိအခြေအနေများကို မေးမြန်းခဲ့သည်။

၎င်းအတွင်းဝန်သည် အင်းဒင်ကျေးရွာသို့ သွားရောက်ကာ ဒေသခံတိုင်းရင်းသားများကို ဘင်္ဂါလီများနှင့် အတူတကွနေထိုင်လျှင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာနိုင်သလားဟု မေးမြန်းမှုကို ယင်းရွာဒေသခံ ဦးအေးတင်မောင်က ယခုလို ဖြေကြားခဲ့သည်။

“ ဘင်္ဂလီတွေက ကိုယ့်အိမ်ကိုယ်မီးရှို့ပြီးမှ ထွက်​​ပြေးတာ၊ ရင်းနှီးတဲ့သူတွေက ကျွန်တော်တို့နဲ့ အဆက်သွယ်လုပ်ရင် ခိုးပြီးပြောရတာ။ အကြမ်းဖက်သမားတွေက သိရင် သူတို့ကို အသေသတ်ခံရမှာ၊ အဲ့ဒါကိုကြောက်လို့ မပြောရဲဘူး။ ကျနော်တို့ တောင်းဆိုချင်တာက သူတို့နဲ့ အတူနေလို့လုံးဝမရဘူး။ ” ဟု ပြောသည်။

အတွင်းဝန် Mr. John David Galbraith သည် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ရခိုင်ကျေးရွာသို့ သွားရောက်ခဲ့ပြီး ဒေသခံများကို သြဂုတ်လဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း တိုင်းရင်းသားများ၏ အခြေအနေကို မေးမြန်းခဲ့သည်။

ကိုးတန်ကောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက “ ဘင်္ဂါလီတွေမရှိတဲ့အတွက် စိတ်ချမ်းသာစွာနဲ့ နေထိုင်ရကြောင်း၊ အရင်က ဘင်္ဂလီတွေရှိစဉ်က ဒေသခံတွေအနေနဲ့ ဟင်းရှာ၊ ငါးရှာ မသွားရဲကြောင်း၊ အခု စိတ်ချမ်းသာစွာနဲ့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ကြောင်း ” ဖြေကြားခဲ့သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလက ကိုးတန်ကောက်စခန်းအား တိုက်ခိုက်ရာတွင် ကိုးတန်ကောက်ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီများ ပါဝင်ခဲ့ကြောင်း၊ ယခုနှစ် သြဂုတ်လ ဖြစ်စဉ်တွင်လည်း ယင်းကျေးရွာက ဘင်္ဂါလီများကပင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ၄င်းတို့သည် ကလေးလူကြီးများကအစ အားလုံးက အကြမ်းဖက်သမားများဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းဘင်္ဂါလီများ ပြန်လည်ဝင်ရောက်လာပါက ထပ်မံ၍ အကြမ်းဖက်မှူများ ပေါ်ပေါက်လာမည်ဖြစ်ပြီး ဒေသခံများအနေဖြင့် မိမိတို့ ကျေးရွာများတွင် နေထိုင်ရဲမည်မဟုတ်ကြောင်းကိုလည်း ဦးထွန်းတင်စိုးက ပြောကြားခဲ့သည်။

Author: ချလူးအောင်