
သြဂုတ်လ (၉) ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင်/DMG
ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ရဲစခန်းအနီး သြဂုတ်လ ၈ ရက်နေ့ ညနေပိုင်းက ဘင်္ဂါလီ ၁၂ ဦးခန့် ရောက်ရှိလာသည့်အတွက် ရဲစခန်းမှ မသင်္ကာ၍ စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဘင်္ဂါလီ ၁၂ ဦးမှာ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာမှဖြစ်ပြီး နွားပျောက်၍ ရှာဖွေရန် ထွက်လာခဲ့ခြင်းဖြစ်ကာ ၄င်းတို့ ၁၂ ဦးထဲမှ ၈ ဦးအား တောင်ဘူဇာရဲစခန်းတွင်ဖမ်းဆီးထားပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဖြင့် အရေးယူသွားမည်ဖြစ်ကာ ကျန် ၄ ဦးမှာ ကလေးငယ်များဖြစ်သည့်အတွက် လွှတ်ပေးခဲ့ကြောင်း တောင်ဘူဇာရဲစခန်းမှ ရဲအုပ်ထွန်းနိုင်က ပြောသည်။
" ဟုတ်ပါတယ် အခု တောင်ဘဇာ စခန်းမှာ(၈)ဦး ဖမ်းထားပါတယ် (၁၂)ဦးမှာ(၄)ဦးက ကလေးငယ်တွေဖြစ်တာမို့ လွတ်ပေးလိုက်တာပါ စစ်ဆေးချက်အရကတော သူတို့က ကျောင်းတောင်ကျေးရွာသားတွေပါ ကျောင်းတောင်စခန်းနားကို တော နွားပျောက်လိုက်ရှာယင်းရောက်လာတာလို့ ပြောကြပါတယ် ။ လက်နက်တွေ ကတော့မပါပါဘူးခင်ဗျ။ သူတို့ကို ညမထွက်ရအမိန်း ၁၄၄ နဲ့တရားစွဲဆိုသွားမှာပါ
တရားစွဲး တဲ့အခါ ပုဒ်မ ၁၄၄ နဲ့ စွဲဆိုမှာဖြစ်ပြီး တရားစီရင်ချက်ချတဲ့ အခါမှာတော ပြစ်ဒဏ် ပုဒ်မ ၁၈၈ နဲ့ ချမှတ်သွားမှာပါ ထောင်ဒဏ် (၆)လ ကနေ (၈) လအထိရှိပါတယ်"ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သြဂုတ်လ ၉ ရက်နေ့ ညဥ့်တွင် ကျောင်းတောင်ရဲစခန်းတိုက်ခိုက်ခံရကြောင်း ကောလဟာလသတင်းများထွက်ပေါ်ခဲ့မှုအပေါ်မှာလည်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်မင်းထွန်း က ယခုလိုပြောသည်။
" အကြမ်းဖက်တိုက်ခိုက်ခံရတာမဟုတ်ပါဘူးဗျာ ကောလာဟာလတွေက ပျံနေတာပါ” ဟုပြောသည်။
ကျောင်းတောင်ဘင်္ဂါလီကျေးရွာတွင် အိမ်ထောင်စု (၅၀၀) ကျော်ခန့်ရှိပြီး လူဦးရေ (၅၀၀၀) ကျော်ခန့်ရှိကာ ၎င်း ကျေးရွာအနီးတွင် "တင်းမေ" ဘင်္ဂလီကျေးရွာ အိမ်ထောင်စု ၄၀၀ ကျော် လူဦးရေ ၃၀၀၀ ကျော်နှင့် ပန်ဇီ ဘင်္ဂလီရွာ အိမ်ထောင်စု ၃၀၀ ကျော် လူဦးရေ ၄၀၀၀ ကျော် ရှိပြီး အိမ်ထောင်စု ၂၀ ကျော်ခန့်ရှိသော ပင်ဇီ တိုင်းသားကျေးရွာ တစ်ရွာရှိကြောင်းလည်းသိရသည်။




