
ချလူးအောင်၊ DMG/ ဒီဇင်ဘာ ၇၊ ဘူးသီးတောင်
ဘူးသီးတောင်မြို့နယ်၊ဖုံညိုလိပ်ကျေးရွာနှင့် ထိပ်ထူးပေါက်ကျေးရွာကြား တောင်တက်လမ်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့၊ည ၉ နာရီကျော်ကျော်ခန့်က မိုင်းပေါက်ကွဲ ၍ လူနှစ်ဦးသေဆုံးသွားကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောသည်။
"ဗုံးမဟုတ်ပါဘူး။ မိုင်းပါ ။၂ ဦးသေပါတယ်။ ဘယ်သူဆိုတာ စစ်ဆေးတုန်းပါ။ ကျန်နေတဲ့ မိုင်းတွေ တူးဖော်ဖို့ဆောင်ရွက်နေပါတယ်”ဟု ၎င်းကဆိုသည်။
မောင်တောဒေသတွင် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှု၊မိုင်းပေါက်ကွဲမှုများ မကြာခဏ ရှိနေသည်။ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တင်းမေကျေးရွာအနီးမှာ ဒေသန္တရလက်လုပ်မိုင်းနှစ်လုံး တွေ့ရှိခဲ့သည်။




