ချလူးအောင်၊DMG

အောက်တိုဘာလ ၂၂၊ စစ်တွေ

ဘူးသီးတောင်မြို့နယ်၊မြို့မရပ်ကွက်တွင် ကျပ်သိန်းပေါင်း(၈၆၅၈၀၀၀၀၀၀)တန်ဖိုးရှိ WY စိတ်ကြွရူးသွပ် ဆေးပြားများကို အောက်တိုဘာလ(၂၁)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် မူးယစ်အထူး တပ်ဖွဲ့စု(၄၆)က သိရသည်။

မြို့မရပ်ကွက်တွင် မင်္သကာဖွယ်ရာ ဟိုင်းလပ်ယာဉ်တစ်စီးရပ်တန့်ထားကြောင်း သတင်းအရ  KYN/6A-18877 ယာဉ်အား ဘူသီးတောင်မြို့ရဲစခန်းသို့ မောင်းနှင်ပြီး စစ်ဆေးရာတွင်  မီးသွေးအိတ်(၅၅)အိပ်ထဲတွင် အမဲရောင် ပလက်စတစ်ဖြင့် ထုတ်ထားသည့်အထုတ်ပေါင်း(၁၉၆)ထုတ် စုစုပေါင်းဆေးပြား(၁၉၁၁၀၀၀)ပြား ဖမ်းဆီရမိ ခဲ့သည်။

ဆက်လက်ပြီး ကားမောင်းနှင်သူအား  စစ်ဆေးမေးမြန်ချက်ရာတွင် ဆေးပြားများမှာ ဘူသီးတောင်မြို့ အနောက်ရပ်ကွက်နေထိုင်သည့်  မာမတ်အိစ္စလာမ်(ဘ)အဘူလာရှိန်း၏ ပစ္စည်းများဖြစ်ကြောင်း ထွက်ဆိုသည်။

ယင်းထွက်ဆိုချက်အရ မာမတ်အိစ္စလာမ်နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေရာတွင်  နေအိမ်အောက် ထပ်၌ သိုလှောင်ထားသည့် မီးသွေးအိပ်(၁၃)အိပ်ထဲမှ WY စာတမ်းပါ အထုတ်(၁၀၀)၊ စုစုပေါင်းဆေးပြား (၉၇၅၀၀၀)ပြားအား ပိုင်ရှင်မာမတ်အိစ္စလာမ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မောင်တောခရိုင် မူးယစ်အထူးတပ်ဖွဲ့စု(၄၆)က သိရသည်။

ကားမောင်းနှင်သူ မူဟာမတ်ဟာရော(၂၉)နှင့်ပစ္စည်းပိုင်ရှင်မာမတ်အိစ္စလာမ်(၄၀) နှစ်တို့ကို  မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ဖြင့်အမှုဖွင့်အရေးယူထားကြောင်း မောင်တောခရိုင်မူးယစ်အထူးတပ်ဖွဲ့စု(၄၆)က သိရသည်။

Author: ချလူးအောင်