
သြဂုတ် ၂၁၊ ချလူးအောင်
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် လာမည့် ၂၀၁၉ ခုနှစ် အတွင်း အစိုးရနည်းပညာ ကျောင်းတစ်ကျောင်း တည်ဆောက်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ကျွမ်းကျင်မူအခြေပြု အသက်မွေးပညာ သင်တန်း တစ်ခုကို မောင်တောမြို့ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာမူလတန်း ကျောင်းဆောင်၌် သြဂုတ်လ(၂၀)ရက်နေ့ တွင် စတင်ပြီး ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ပြီး စစ်တွေ မြို့အစိုးရနည်း ပညာကျောင်းအုပ်ကြီး တွဲဖက်ပါမောက္ခ ဦးမင်းဇော်ဦးက မီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ ၂၀၁၈/၁၉ ဘဏ္ဍာနှစ်မှာ အစိုးရနည်းပညာ သင်တန်းကျောင်း တစ်ကျောင်း ဆောက်လုပ်ဖို့စီစဉ်ထားပါတယ် ဘာဂျက်မှာလဲ့ ရာထားပြီးဖြစ်ပါတယ်။ ” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် အစိုးရ နည်းပညာသင်တန်းကျောင်း (၃) ကျောင်းရှိပြီး ကျောက်ဖြူ ၊ သံတွဲ၊ စစ်တွေ တို့ဖြစ်ကာ လျာထားချက်များအနေဖြင့် ဘူးသီးတောင်၊ ဂွမြို့နယ်တို့တွင် နောက်ထပ် (၂) ကျောင်းထပ်မံ တည်ဆောက်ရန် အစီစဉ်ရှိကြောင်းလည်းသိရသည်။
ယခုပြုလုပ်လျှက်ရှိသော ရက်တို အသက်မွေးကျောင်းသင်တန်းကို မောင်တောခရိုင်အတွင်းမှ ပြည်သူများ၊ သက်မွေးပညာ တစ်ခုခု တတ်မြောက်စေရန် ရည်ရွယ်ပြီး အလုပ်အကိုင် အလုပ်အကိုင်အခွင့်လမ်း များရရှိ လာစေရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ သင်တန်းတွင် အခြေခံအုပ်စီပန်းရံသင်တန်း၊ အခြေခံဂဟေဆက်သင်တန်း၊ ဆိုက္ကယ်ပြင်သင်တန်းတို့ဖြစ်ပြီး သင်တန်းသား (၆၀) ခန့်တက်ရောက်လျှက်ရှိကြောင်း လည်းသိရသည်။




