ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသန်းမှုနှင့် လေးမြို့မြစ်ရေတိုက်စားမှုကြောင့် မင်းပြား၌ ကမ်းပါးပြိုကျမှုများရှိခဲ့သည်။ ဓာတ်ပုံ - LAY MRO - Minbya CJ News
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသန်းမှုနှင့် လေးမြို့မြစ်ရေတိုက်စားမှုကြောင့် မင်းပြား၌ ကမ်းပါးပြိုကျမှုများရှိခဲ့သည်။ ဓာတ်ပုံ - LAY MRO - Minbya CJ News

စိုးအောင် | DMG

ဇူလိုင် ၁၂ ၊ မင်းပြား

 ရခိုင်ပြည်နယ်၊မင်းပြားမြို့ပေါ်တွင် ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ ရေကြီးမှုဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

 မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့်အတူ မြစ်ရေများပါ တက်လာသောကြောင့် မင်းဘာကြီး၊ ပြည်တော်သာ၊ဦးစိုးတင့်နှင့် ဥက္ကာပျံ ရပ်ကွက်တို့တွင် ရေ ၄ ပေခန့်မြင့်တက်နေသည်ဟု မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

 မင်းပြားပရဟိတလူငယ်ကွန် တာဝန်ခံကို ကိုနေမျိုးထွန်းက “မိုးကအဆက်မပြတ်ရွာ နေတယ် ။မြစ်ရေကလည်းတိုးလာတော့ ဆက်လက်ရေပိုကြီးလာနိုင်တယ်။ရေအများကြီး တက်လာ ရင်တော့ မြို့ပေါ်ကလူတွေလည်း ဒုက္ခရောက်လာနိုင် တယ်။လူနေအိမ် အောက်မှာ လည်း ရေတွေဝင်နေတယ်။ဆက်လက်ပြီးတက်လာရင်တော့အန္တရာယ် ရှိနိုင်တယ်” ဟုပြောသည်။

 ထိုသို့ ရေကြီးမှုဖြစ်နေသောကြောင့် မြို့ပေါ်ရပ်ကွက်အချို့က စာသင်ကျောင်းများကို ပိတ်ထား ရသည်။သို့သော် အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပိတ်ထားခြင်းမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ စိုးရိမ်မှုများရှိနေသဖြင့် ကျောင်းမတက်နိုင်ခြင်းကြောင့် ပိတ်ထားရခြင်းဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆိုသည်။

 အလားတူ မင်းပြားမြို့နယ် လေးမြို့မြစ်အနီးရှိ ကျေးရွာတစ်ချို့တွင်လည်း ရေကြီးမှုဖြစ်ပေါ်နေ ပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

Author: Admin