“ ရခိုင်တစ်ပြည်လုံးမှာ မသန်စွမ်းစာရင်း ၉၀၀၀ ကျော်ရရှိပါတယ်။ အဲဒီ ၉၀၀၀ ကျော်ကို ကနဦးထောက်ပံ့တာ တစ်ယောက်ကို သုံးသောင်းကျပ်ပါ။  စစ်တွေမြို့မှာ တစ်ယောက်ကို ကနဦးအနေနဲ့ ၃၀၀၀၀ ကျပ်နဲ့ သိန်းပေါင်း ၂၀၀၀ကျော်ကို သူတို့လက်ဝယ်အရောက် ပေးအပ်ခဲ့ပါတယ်”

ခိုင်ရိုးလ၊ DMG

စက်တင်ဘာ၂၂၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းသူ ၉၀၀၀ ကျော်အတွက် ငွေကျပ်သိန်း ၂၀၀၀ ကျော်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက်နေ့က ထောက်ပံ့ခဲ့သည်။

မသန်စွမ်းသူဦးရေ ၉၄၂၁ ကျော်အတွက် တစ်ဦးလျှင်ကျပ်ငွေ ၃၀၀၀၀ သောင်းကျပ်နှုန်းဖြင့် ငွေကျပ်သိန်း ၂၈၀၀ ကျော်ကို စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

“ ရခိုင်တစ်ပြည်လုံးမှာ မသန်စွမ်းစာရင်း ၉၀၀၀ ကျော်ရရှိပါတယ်။ အဲဒီ ၉၀၀၀ ကျော်ကို ကနဦးထောက်ပံ့တာ တစ်ယောက်ကို သုံးသောင်းကျပ်ပါ။  စစ်တွေမြို့မှာ တစ်ယောက်ကို ကနဦးအနေနဲ့ ၃၀၀၀၀ ကျပ်နဲ့ သိန်းပေါင်း ၂၀၀၀ကျော်ကိုသူတို့လက်ဝယ်အရောက်ပေးအပ်ခဲ့ပါတယ်”ဟု လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

 အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ ကိုယ်ခန္ဓာအသန်စွမ်းသူနှင့်ဦးနှောက်မသန်စွမ်းသူများကို ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။