သြဂုတ် ၁၃၊ အောင်ကောင်းဇော်

ရခိုင်ပြည်နယ် ရမ်းဗြဲမိုအတွင်းရှိ ဦးဂအုပ်စု ဇီးတောကျေးရွာအနီးရှိ ကမ်းခြေမှာ နှစ်စဉ်မြေပိုကျနေပီး ကမ်းခြေများပျက်စီးလာသောကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဒေသခံများပြုပြင်နေကြသည်။

ကမ်းခြေမှ သဲများမပိုကျစေရန်အတွက် ကိုထူကိုယ်ထစနစ်ဖြင့် အုန်းပင်များကို ပိုင်းဖြတ်ကာ ကမ်းခြေတွင် ကမ်းထိမ်းနံရံအဖြစ် စိုက်ထူထားကသည်။ ထိုကမ်း ခြေပိုကျနေခြင်းကို ရမ်းဗဲမို့နယ် လွှတ်တော်ကိုယ်စလှယ်နှင့် ပြည်နယ်ဝန်ကြီးချုပ်များ လာရောက်ကည့်ရှုခဲ့စဉ် ကမ်းခြေပိုကျခြင်းကို ထိန်းသိမ်းရန် ကမ်းထိမ်းနံရံများပြုလုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်းမရှိသေးဘူးဟု ဒေသခံ ဦးမြင့်လွင်က ဆိုသည်။

" အခုကတော့ အုန်းပင်တွေ သစ်ပင်တွေနဲ့ ဖြတ်ပီးတော့ ကမ်းထိမ်းနံရံအဖြစ် ကိုယ်ဘာကိုလုပ်နေကတယ်ကမ်းခြေပိုကျနေတာကို လွှတ်တော်ကိုယ်စလှယ်တော့ ဝန်ကြီးချုပ်တော့ ရောက်တုန်းက လာကည့်ကတယ်ဒေသခံများကလည်း ဒါကို လုပ်ပေးဖို တောင်းဆိုကတယ်ဒါပေမဲအခုထိတော့ ဘာမှ လုပ်ပေးတာ မတွေ့သေးဘူး" ဟု သူကပြောသည်။

ထိုကမ်းခြေတွင် အရှည်ပေ ၂၀၀၀ ကျော် ရှည်လျှားပီး ယခင်က အစိုးရဘတ်ဂျက်ငွေဖြင့် ထိုကမ်းခြေကို ကမ်းထိမ်းနံရံကို ပေ ၁၀၀၀ ကျော် ပြုလုပ်ပေးခဲ့သော်လည်း ၃ လအကာတွင် ကမ်းထိန်းနံရံများမှာ ပြိုပျက်စီးသွားသည်ဟု ၄င်းကပြောသည်။

ကမ်းခြေပျိုကျမှုကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်နေကပီး ကမ်းခြေပျိုကျနေခြင်းကို ထိမ်းသိမ်းမှုမရှိဘူးဆိုလျှင် နောက် သုံးနှစ်အတွင်း ကျေးရွာပါ ပြောင်ရွှေ့ရမည်ဖြစ်ကြောင်း အစိုးရအနေဖြင့် ကမ်းထိမ်းနံရံများ ပြုလုပ်ပေးရန် ဒေသခံများလိုလားနေကြသည်။

Author: အောင်ကောင်းဇော်