အောင်ကောင်းဇော်၊ DMG

အောက်တိုဘာ ၂၉၊ မာန်အောင်


ရန်ကုန် - မာန်အောင် ပြေးဆွဲနေရာမှ ရာသီဥတုကြောင်းရပ်နားထားခဲ့သော မြန်မာ့အမျိုးသားလကြောင်းလိုင်းကို ယနေ့ အောက်တိုဘာ၂၉ ရက်နေ့မှစပြီး ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြာင်း သိရသည်။


အဆိုပါ လေကြောင်းလိုင်းမှာ မာန်အောင် - ရန်ကုန် အပါအ၀င် မာန်အောင် - စစ်တွေ-ကျောက်ဖြူ တို့ကိုပါ ပြေးဆွေးလျက်ရှိပြီး ဒီကနေ့စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့တိုင်း ပြေးဆွဲသွားမှာ ဖြစ်ပြီး လေယာဉ်ဈေးနှုန်းများမှာ ယခင်ဈေးနှုန်းများထက် အနည်းငယ် ဈေးမြင့်တက် သွားကြောင်း   မာန်အောင် အများပိုင်ကုမ္ပဏီမှ သိရသည်။


“ကျနော်တို့ ဒီနေ့ လေယာဉ်စတင်ပြီး ပြေးဆွဲပါတယ် လေယာဉ် ပြေးဆွဲမည့်ရက်တွေကတော့ အရင်အတိုင်းပဲဖြစ်တယ် လက်မှတ်ဈေးကတော့ နည်းနည်းမြင့်သွားတယ် အရင်ဈေးနှင့် မတူတော့ဘူး”ဟု မာန်အောင် အများပိုင်ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ယခင် ပြေးဆွဲနေသော လေကြောင်းလိုင်းဈေးနှုန်းများမှာ မာန်အောင် - ရန်ကုန် (၇၈၀၀၀)မာန်အောင်-ကျောက်ဖြူ (၃၁၉၀၀) မာန်အောင် - စစ်တွေ (၃၇၀၀၀) ကျပ်တို့ ဖြစ်ပြီး ယခုအခါ မာန်အောင်-ရန်ကုန် ၈၁၀၀၀၊ မာန်အောင်- စစ်တွေ ၄၁၀၀၀၊ မာန်အောင်-ကျောက်ဖြူ ၃၆၀၀၀၊တို့ ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ လေကြောင်းလိုင်းမှာ လေယာဉ်သေးငယ်ပြီး ရာသီဥတု ဆိုးရွားသောအခြေအနေနှင့် ကြုံတွေ့မှာ စိုးရိမ်သောကြောင့် မိုးဦးရာသီ မတ်လ ၃၀ ရက်နေ့က ရပ်နားထားခဲ့ပြီး ယခုလ ၁၅ ရက်နေ့ကပင် ပြန်လည်ပြေးဆွဲမည်ဟု အများပိုင်ကုမ္မဏီ တာဝန်ရှိသူများက ပြောဆိုထားခဲ့ပေမဲ့ ရာသီဥတု အခြေအနေ ကြောင့် အောက်တိုဘာ လ ၂၉ ရက်နေ့မှသာ စတင်ပြေးဆွဲရခြင်း ဖြစ်ကြောင်း သိရှိရသည်။