• English
Development Media Group

  • မူလစာမျက်နှာ
  • သတင်း
  • မြန်မာ့ရေးရာ
  • နိုင်ငံတကာ
  • ဆောင်းပါး
  • အတွေးအမြင်
    • အယ်ဒီတာ့အာဘော်
  • ရုပ်သံ
    • DTV NEWS
    • DTV Daily News
    • ရခိုင်လူမှုဘဝ
    • လူငယ်ရေးရာ
    • ရခိုင်ရိုးရာဓလေ့
    • ရခိုင်အမျိုးသမီးအသံ
  • အင်တာဗျူး
  • လူမှုဘဝ
  • DMG အကြောင်း
    • ဂျာနယ်
  • သတင်း
  • မီဒီယာများကို သတင်းမီဒီယာဥပဒေဖြင့်သာ တရားစွဲဆိုသင့်ကြောင်း သတင်းမီဒီယာကောင်စီ ထုတ်ပြန်

မီဒီယာများကို သတင်းမီဒီယာဥပဒေဖြင့်သာ တရားစွဲဆိုသင့်ကြောင်း သတင်းမီဒီယာကောင်စီ ထုတ်ပြန်

Details
DMG
May 18, 2019
Hits: 347
စစ်တွေ
Photo Source ; Longbow Industries
စိမ်းကိုကို၊ ခင်သရဖီဦး / DMG
မေ ၁၆ ၊ စစ်တွေ
 
မြန်မာနိုင်ငံတွင် သတင်းသမားများကို သတင်းမီဒီယာဥပဒေနှင့် မသက်ဆိုင်သည့် ဥပဒေများဖြင့် တရားစွဲဆိုနေပြီး အကယ်၍ သတင်းသမားများကို တရားစွဲမည်ဆိုလျှင် သတင်းသမီဒီယာဥပဒေဖြင့်သာ တရားစွဲဆိုသင့်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ မေလ ၁၆ ရက်နေ့က ထုတ်ပြန်သည်။
 
သတင်းမီဒီယာများကို သတင်းမီဒီယာဥပဒေနှင့် မသက်ဆိုင်သည့် အခြားဥပဒေများဖြင့် အမူဖွင့်တိုင်ကြားခြင်း၊ ခေါ်ယူမေးမြန်းစစ်ဆေးခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများကို ပြုလုပ်နေခြင်းများရှိနေခြင်းကြောင့် သတင်းသမားများကို တရားစွဲဆိုမည်ဆိုလျှင် ရှေ့ဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တိုင်းကြားသင့်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
 
“သတင်းမီဒီယာကောင်စီကို အရင်တိုင်ကြားဖို့ရယ်။ အကယ်၍ မပြေလည်ခဲ့ဘူးဆိုရင်တော့ သတင်းမီဒီယာဥပဒေနဲ့ ဥပေဒေကြောင်းအရ အရေးယူဆောင်ရွက်ဖို့ အဲဒါအဓိက ဖြစ်တာပေါ့” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။
 
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့်ပတ်သက်ပြီး သတင်းဖော်ပြမှုများကြောင့် သတင်းမီဒီယာတစ်ချို့ကို တရားစွဲဆိုမှုများရှိနေခြင်းမှာ မြေပြင်အခြေအနေတွင် သတင်းရယူနေသည့် သတင်းမီဒီယာများအတွက် သတင်းအချက်အလက်များ မည်သို့ပင်မှန်ကန်စေကာမူ မိမိတို့ကိုလည်း ဖမ်းဆီးတရားစွဲလာနိုင်သည့်အတွက် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာနိုင်သည်ဟု ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က ပြောသည်။
 
ယင်းအပြင် မြေပြင်အခြေအနေနှင့် ပတ်သက်ပြီး သတင်းထောက်များဘက်မှ အမှန်သတင်းကို မတင်ပြနိုင်လျှင် သတင်းထောက်များအပေါ် လူထုက ယုံကြည်မှုနည်းလာနိုင်သည့်အတွက် သတင်းထောက်များအနေဖြင့်လည်း သတင်းမှန်ကို မတင်ပြ၍မရသည့် အခြေအနေတွင် ရှိကြောင်းလည်း ၄င်းကဆိုသည်။
 
“ ကျွန်တော်တို့က သတင်းအမှန်တွေကို မတင်ပြလို့မရတဲ့ အခြေအနေမှာလည်းရှိတယ်။ ရေးတဲ့အခါ တစ်စုံတရာ တပ်ဘက်က သတင်းတွေရယ် ဘက်ပေါင်းစုံက သတင်းတွေပါလာနိုင်တယ်။ အဲဒါက ဘာဖြစ်လာနိုင်လဲဆိုရင် မကျေနပ်ရင် နောက်ထပ်လည်းဖြစ်လာနိုင်တယ်။ အဲဒါ အလွန်တရာစိုးရိမ်ဖို့ကောင်းတဲ့ အနေအထားမှာရှိတယ်။ သတင်းသမားတွေဘက်ကလဲ သတင်းတွေကို မှန်မှန်ကန်ကန်တင်ပြမှာလား၊ မတင်ပြဘူးလားဆိုတာ ကိုယ်ဟာကို မေးခွန်းထုတ်ဖို့ဖြစ်နေတယ်။ အခုလောလောဆယ် ငါတို့ကိုများ တရားစွဲမှာလား ဖမ်းမှာလားဆိုတဲ့ စိုးရိမ်ကြောက်လန့်မှုတွေဖြစ်နေတယ်။ အဲဒါဟာ သတင်းသမားတွေအတွက် အလားအလာမကောင်းဘူးလို့ ကျွန်တော်တို့ကတော့မြင်တယ်” ဟု ဦးခိုင်မြတ်ကျော်က ပြောသည်။
 
လက်ရှိပြဌာန်းထားသည့် သတင်းမီဒီယာဥပဒေ၌ ပါရှိသော ပုဒ်မများမှာ ပျော့ညံ့သည့် ပုဒ်မများ မဟုတ်သလို မီဒီယာများ၏ သတင်းဖော်ပြမှုများနှင့် ပတ်သက်ပြီး လိုအပ်ချက်ရှိလျှင် သတင်းမီဒီယာဥပဒေဖြင့်သာ တရားစွဲဆိုသင့်ကြောင်းနှင့် တစ်ခြားဥပဒေများဖြင့် တရားစွဲဆိုနေခြင်းမှာ သတင်းများကို လွတ်လပ်စွာ မဖော်ပြနိုင်လောက်အောင် အကြောက်တရားတစ်ခု ဖြစ်ပေါ်စေဖို့အတွက် မလိုအပ်ဘဲ တစ်ခြားဥပဒေဖြင့် စွဲဆိုနေခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
 
“အမှန်က အသင့်တော်ဆုံးက မီဒီယာဥပဒေရှိရဲ့နဲ့ မီဒီယာကို တစ်စုံတစ်ရာ လိုအပ်တယ်ထင်ရင် မီဒီယာဥပဒေနဲ့ပဲ စွဲသင့်ပါတယ်။ တစ်ခြားဥပဒေတွေနဲ့ ပြုလုပ်ခြင်းဟာ လွှဲချော်နေတယ်လို့ မြင်တယ်”ဟု ၄င်းကပြောသည်။
 
လက်ရှိအချိန်တွင် ဧရာဝတီသတင်းဌာန၏ အကြီးတန်းအယ်ဒီတာတစ်ဦးတစ်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ကျောက်တံတားရဲစခန်းတွင် အမှုဖွင့်လှစ်ထားသလို၊ ရခိုင်အခြေစိုက် DMG သတင်းဌာနမှ အယ်ဒီတာချုပ်ကို သတင်းတပ်ဖွဲ့ SB မှ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ (၁၇/၂)ဖြင့် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး မေလ ၁၅ ရက်နေ့ကလည်း ဆန္ဒပြမှုတွင် သတင်းရယူနေသည့် Channel Mandalay News Agency သတင်းထောက် နန္ဒ(တစ်ကိုယ်တော်)အား ပုသိမ်ကြီးမြို့မ ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
 
ဒီမိုကရေအစီအစိုးရလက်ထက် သတင်းမီဒီယာများကို သတင်းမီဒီယာဥပဒေဖြင့် တရားစွဲထားမှုမှာ ယခင်အစိုးရလက်ထက် တစ်မှုနှင့် ယခုအစိုးရလက်ထက် တစ်ခုသာရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ သိရသည်။
Author: DMG

Twitter

DTV Daily News

ဧပြီလ ၇ ရက်နေ့ DTV Daily News
Details
Admin
Apr 7, 2020
Hits: 5514
Twitter
More

နောက်ဆုံးရသတင်းများ

တပ်မတော်မှ အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစုမှ ထုတ်ပြန်
Details
DMG
Feb 13, 2021
Hits: 98
ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုရှိလာကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များပြော
Details
DMG
Feb 13, 2021
Hits: 42
သြစတြေးလျ ဒုတိယအကြီးဆုံးမြို့တော်ကို ဗိုင်းရပ်စ်ထိန်းချုပ်ရေး လော့ဒေါင်းချမည်
Details
DMG
Feb 13, 2021
Hits: 65
ကမ္ဘာ့နိုင်ငံအများအပြား မြန်မာနှင့် သံတမန်ဆက်ဆံရေး လျှော့ချပြီး အရေးယူပိတ်ဆို့မှုများ မြှင့်တင်
Details
Foreign Desk
Feb 12, 2021
Hits: 135
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာပြီ
Details
DMG
Feb 12, 2021
Hits: 616
ဘဏ်များ ယာယီပိတ်ထားသည့်အတွက် ဒေသခံများ အခက်ကြုံ
Details
Admin
Feb 12, 2021
Hits: 67

လူဖတ်များသောသတင်းများ

  • ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာပြီ
  • ရခိုင်အကျပ်အတည်း ကိစ္စရပ်များကို တပ်မတော်အစိုးရနှင့် ဆပ်စပ်ဆောင်ရွက်သွားမည်ဟု ANP ပါတီက ရခိုင်ပြည်သူများသို့ အစီရင်ခံ
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ANP မှ ပါဝင်နေခြင်းအပေါ် ပြန်လည်သုံးသပ်ပြီး လက်မခံရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၄၇ ဖွဲ့က တိုက်တွန်း
  • ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုနေကြ

Our Channels

Development News Journal
DMG Burmese Edition
DMG English Edition
Facebook
Twitter
Youtube
DTV Daily News

Contact

DMG News Agency
Sittwe, Rakhine State
Phone: 09426293095, 09777562257
E-mail: dtvnews17@gmail.com , development.tvnews@gmail.com

About DMG

Development Media Group (DMG) ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၌ ထူထောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဂျာနယ်ကို မြန်မာပြည်တွင်းတွင် တရားဝင်မှတ်ပုံတင်ခဲ့ပြီး .. read more

Copyright © 2021 Development Media Group. All Rights Reserved.