
(သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် သံတွဲမြို့မြို့နယ် သဘာဝဘေးစီမံခန့် ခွဲမှုကော်မတီမှ သံတွဲမြို့နယ် သတိပေးနှိုးဆော်မှုများ ပြုလုပ်နေပုံ။ ဓါတ်ပုံ - မျိုးမြင့်ဇော်/DMG)
မေလ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်၊ သံတွဲ (DMG) ။ ။ ယနေ့ မြန်စံတော်ချိန် ၉း၃၀ တွင် တိုင်ထွာချက်အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျှက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျှားမည့်အခြေအနေ ရှိနေသောကြောင့် ရုတ်တရက်ရေကြီးခြင်း မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် သံတွဲမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ရန် သံတွဲမြို့မြို့နယ် သဘာဝဘေးစီမံခန့် ခွဲမှုကော်မတီမှ သံတွဲမြို့နယ် သတိပေးနှိုးဆော်မှုများ ပြုလုပ်လျှက် ရှိသည်။
သံတွဲမြို့နယ် မီသတ်တပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီး ကျော်စိုးနိုင်က ''ကျနော်တို့ဌာန ကနေပြီးတော့ မုန်တိုင်းဘေးအန္တရယ် တစ်ခုတည်းတင်မကဘူး။ ကျန်တဲ့ ဘယ်လို သဘာဘေးအန္တရယ်ပဲဖြစ်ဖြစ် မြို့ပေါ်မှာနေတဲ့ ပြည်သူလူထုတွေ ဘေးအန္တရယ်ကင်းရှင်းဖို့ အတွက် သတိပေးနှိုးဆော်နေတာပါ'' ဟု DMG သို့ ပြောသည်။
အဆိုပါမုန်တိုင်းငယ်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်ငယ်၏ အချိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက်မိုးကြီးခြင်း နေရာကွက်၍ မိုးကြီးခြင်း လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ထို့အပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်ကျရောက်စဉ် တစ်နာရီလျှင် ရေပြင်မြေပြင်လေမှာ တစ်နာရီလျှင် မိုင်(၄၀)ခန့် တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မုန်တိုင်ငယ်၏ အချိန်ကြောင့် မိုးကြီးခြင်းလေပြင်းတိုက်ခတ်ခြင်း ရုတ်တစ်ရက်ရေကြီးခြင်းနှင့်အတူ မြေပြိုမှု များဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသတွင် နေထိုင်ကြသူများနှင့် ကမ်းရိုးတန်းတစ် လျှောက်တွင် နေထိုင်ကြသူများ ကြုတင်သတိပြု နေထိုင်ကြရန် သံတွဲမြို့နယ် သဘာဝဘေးစီမံခန့် ခွဲမှုကော်မတီမှ သံတွဲမြို့ကို လှည့်လည်ကာ နှိုးဆော်သတိပေးကြေငြာလျှက်ရှိသည်။
သံတွဲမြို့နယ်အတွင်း လက်ရှိအခြေအနေမှာ မိုးဖွဲဖွဲရွာနေပြီး ရံဖန်ရံခါတွင် လေးပြင်းများ တိုက်ခတ်နေပြီး အခြားထူးခြားမှု တစ်စုံတစ်ဖြစ်ပေါ်မှု မရှိသော်လည်း မြို့ခံများမှာ မုန်တိုင်ငယ် ပိုမိုအားကောင်လာပြီး သဘာဝဘေးအန္တရယ်များ ကျရောက်လာမည်ကို စိုးရိမ်နေကြသည်။




