ခင်သရဖီဦး၊ DMG

အောက်တိုဘာ ၁၂၊ ရသေ့တောင်

 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နှစ်၃၀ပြည့် အခမ်းအနားကို ရသေ့တောင်မြို့ရှိ အလိုတော်ပြည့် မဟာဗောဓိအောင်မြေ ကျောင်းတွင် ယနေ့ နံနက်၉နာရီအချိန်တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို ရသေ့တောင်ကြားဖြတ်ရွေးကေက်ပွဲအောင်နိုင်ရေးနှင့် ပါတီထူထောင်သော ကာလ နှစ်ပေါင်း ၃၀ ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ဒီမိုကရေဒီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

“ ကျနော်တို့အနေနဲ့ကတော့ ပါတီတစ်ခု နှစ်၃၀ဆိုတာကတော့ ရောက်ခဲ့ပါတယ်။ အဲဒါကြောင့် နှစ်၃၀ ဒီနေ့ပြည့်တာကြောင့်  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရခိုင်ပြည်မှာ နှစ်၃၀ပြည့်တဲ့ပါတီကလည်း အင်မတန် ရှားပါတယ်။ နောက်တစ်ခုက ရသေ့တောင်မြို့နယ်မှာ ကြားဖြတ်ရွှေးကောက်ပွဲအတွက်ရော နှစ်ခုပေါင်းပြီး ကျင်းပတာပါ” ဟုပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရသေ့တောင်မြို့နယ်တွင် လစ်လပ်မဲဆန္ဒနယ်အမှတ်(၂)နေရာတွင် ၀င်ရောက် ယှင်ပြိုင်မည်ဖြစ်ကာ ရခိုင်ပြည်တွင် ရခိုင်နိုင်ငံရေးမှာ ဆရာကြီးဦးသိန်းမောင် လိုလူမျိုးများ အနိုင်ရရှိမှသာ ရခိုင်ပြည်တိုးတက်မည်ဖြစ်ကြောင်း၊ နိုင်မည်ဟုလည်း မျှော်မှန်းထားကြောင်း ဦးမျိုးကျော်က ပြောသည်။

“နိုင်ကိုနိုင်မယ်။ သေချာတယ်။ ဘာဖြစ်လိုလဲဆိုတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ရထားတဲ့ ဆရာကြီး ဦးသိန်းမာင်ဟာ လူကောင်းလူမွန်တစ်ယောက်ဖြစ်တယ်။  ရခိုင်နိုင်ငံရေးမှာ လူကောင်းတွေ အနိုင်ရမှလည်း ရခိုင်ပြ ည်ကသက်သာမယ့် အနေထားတွေရှိတယ်။ ရခိုင်ပြည်နိုင်ငံရေးလည်း တိုးတက်မယ့်အနေထား ရှိတာကြာင့် နိုင်ကိုနိုင်ရမယ်။ ကြိုးလည်းကြိုးစားနေပါတယ်။ ပြည်သူတွေကလည်း လူကောင်းကိုတော့ ရွေးလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ” ဟု ပြောသည်။

အဆိုပါ နှစ်၃၀ပြည့်အခမ်းအနားကို နိုင်ငံရေးပါတီ၊ မြို့မိမြို့ဖ၊ ရပ်ကျေး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နှင့်မြို့နယ်ကိုယ်စားလှယ်များကိုလည်းဖိတ်ကြားထားကြောင်းသိရသည်။