
(မောင်တောခရိုင်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဘင်္ဂလီများအားတွေ့ရစဉ်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)
ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်မင်းတို့ ပါဝင်သည့်အဖွဲ့သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နေ့လည်ပိုင်းက တောင်ပြိုလက်ဝဲမြို့အနီး နယ်စပ်ခြံစည်းရိုးအပြင်ဖက်တွင် ယာယီတဲအိမ်များဆောက်လုပ်နေထိုင်နေကြသည့် ဘင်္ဂါလီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံဖက်မှ ပြန်လည်လက်ခံမည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသလို၊ ပြန်လည်လက်ခံမည့် လုပ်ငန်းစဉ်များ၊ အိမ်ထောင်စုစာရင်းကိစ္စများ စီစစ်ရမည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် ဘင်္ဂါလီအများစုမှာ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကြားတွင်ရှိသည့် ကွင်းပြင်တွင် ယာယီတဲ အိမ်များ ဆောက်လုပ်ကာ နေထိုင်နေကြပြီး ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာဖက်မှ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး လက်ခံရန်အဆင်အသင့်ဖြစ်နေသော်လည်း ဘင်္ဂါလားဒေ့ရှ်ဖက်မှ ပြန်လည်လက်ခံမည့် အစီအစဉ်ကိုရွေ့ဆိုင်းလိုက်သည်။




