
ဓါတ်ပုံ - ရခိုင်မျိုးချစ်ပါတီ
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်၊ ခင်သရဖီဦး / DMG
ရခိုင်မျိုးချစ်ပါတီ(APP) ကို မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) အဖြစ် ပူးပေါင်းဆောင်ရွက်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဇန်နဝါရီလ ဒုတိယပတ်တွင် တင်ပြ သွား မည်ဟု ပါတီဥက္ကဌ ဦးဇော်ဝင်းထွန်းက DMG ကိုပြောသည်။
ရခိုင်မျိုးချစ်ပါတီသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရည်ရွယ်ချက်၊လမ်းစဉ်၊မူဝါဒများ တူညီ သောကြောင့် ပါတီချင်း ပူးပေါင်းရန် ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ နေ့ရက်က ဆုံးဖြတ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ရခိုင် မျိုးချစ်ပါတီကို ဖျက်သိမ်းကြောင်း တင်ပြရန် စီစဉ်ခြင်းဖြစ်သည်။
“ကျနော်တို့ရခိုင်မျိုးချစ်ပါတီကို ဖျက်သိမ်းခွင့်တင်ပြီးတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နဲ့ ပူပေါင်းသွားမယ့်။ ရခိုင်ဒီမိုကရေးစီ အဖွဲ့ချုပ်နဲ့ ကျနော်တို့ရခိုင်မျိုးချစ်ပါတီက ရည်ရွယ်ချက် တစ်ခုတူညီတယ်။ အဲဒါကြောင့်ပူးပေါင်းသွားပါမယ်” ဟု ဦးဇော်ဝင်းထွန်းက ပြောသည်။
ရခိုင်မျိုးချစ်ပါတီအနေဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့် ပူးပေါင်းရန် စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ကနဦး တွင် ပါတီ ပူးပေါင်းရန် အဆင့်အသင့်မဖြစ်သေးဟု ALD ဘက်ကအကြောင်းပြန်ခဲ့သည်။သို့သော် ယခု ပါတီနှစ်ခု ပူးပေါင်းလိုက်ပြီဖြစ်သောကြောင့် ALD အလံတံဆိပ်အောက်မှာ ပူးပေါင်းပြီး ညီညီ ညွတ်ညွတ်နှင့် ဆောင်ရွက်သွားမည်ဟု ဦးဇော်ဝင်းထွန်းက ဆက်လက်ပြောကြားသည်။




