- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ရခိုင်မျိုးစောင့်အုပ်စုမှ မြောက်ဦးဖြစ်စဉ်တွင်း သေဆုံးဒဏ်ရာရသူ မိသားစုဝင်များအား ဒုတိယအကြိမ် အလှူငွေပေးအပ်မည်
ရခိုင်မျိုးစောင့်အုပ်စု ARG မှ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ့ပိုင်းကဖြစ်ပွားခဲသည့် မြောက်ဦးပဋိပက္ခအတွင်း သေဆုံးဒဏ်ရရှိသူများ၏ မိသားစုဝင်များကို ဒုတိယအကြိမ် အလှူငွေပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။
22 Jan 2018
ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရခိုင်မျိုးစောင့်အုပ်စု ARG မှ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ့ပိုင်းကဖြစ်ပွားခဲသည့် မြောက်ဦးပဋိပက္ခအတွင်း သေဆုံးဒဏ်ရရှိသူများ၏ မိသားစုဝင်များကို ဒုတိယအကြိမ် အလှူငွေပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ရခိုင်မျိုးစောင့်အုပ်စုမှ ပထမအကြိမ်အဖြစ်အလှူငွေကျပ် ၃၈ သိန်းကို မြောက်ဦးနှင့် စစ်တွေတို့တွင် တစ်ဦးလျှင် ၂ သိန်းနှုန်ဖြင့် လှူဒါန်းခဲ့ပြီးဖြစ်ကာ ဒုတိယအကြိမ်အဖြစ် လှူဒါန်းနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ARG အဖွဲ့မှ ဦးဘအေးက “ နောက်ထပ်ကတော့ ဘယ်နေ့ဖြစ်မလဲ မပြောတတ်သေးဘူး။ ဒီတစ်ရက်နှစ်ရက်မှာဖြစ်ဖို့တော့ ထင်တယ်၊ ငွေကတော့ခန့်မှန်းခြေ သုံးဆယ်လောက်ပဲဖြစ်ဖို့ထင်တယ်။ ” ဟု ပြောသည်။
မြောက်ဦးပတ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရသူများ၏ မိသားစုဝင်များကို ရခိုင်အခြေစိုက် လူမှုအဖွဲ့ အစည်းအသီးသီးမှ အလှူငွေများပေးအပ်ခဲ့ပြီးဖြစ်သော်လည်း အစိုးရမှပေးအပ်သည့် ငွေကျပ် ၅ သိန်း စီကို မိသားစုဝင်များက လက်ခံမှုမရှိဘဲ ပြန်လည်ပေးအပ်ခဲ့ကြသည်။
မြောက်ဦးပစ်ခတ်မှုအတွင်း သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂ ဦးရှိပြီး ဒဏ်ရာရရှိသူ ၄ ဦးမှာ မြောက်ဦးဆေးရုံတွင် ဆေးကုသခံယူနေပြီး စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ၈ ဦး ဆေးဝါးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။