သြဂုတ် ၂၀၊ ခိုင်ရိုးလ

ရခိုင်လူငယ်ညီလာခံ ဆိုင်ရာသတင်းစာ ရှင်းလင်းပွဲနှင့် လုပ်ငန်းတာဝန်များလွှဲပြောင်းပေးပွဲ အခမ်းအနားကို  စစ်တွေမြို့ရှိ အာရီယန်စားသောက်ဆိုင်တွင်  သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်ထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်ပြီးခဲ့သော မေလ မှ ကျင်းပခဲ့သော ရခိုင်လူငယ် ညီလာခံမှ ရှေ့ဆက်လုပ်ကိုင်ရမည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ညီလာခံအတွက် သုံးစွဲခဲ့ သော ငွေစာရင်းရှင်းတန်းများအပါဝင် ညီလာခံ၏မူဝါဒရေးနှင့်ပတ်သက်ပြီး မူဝါဒများအကောင်ထည်ဖော်ဆောင် ရွက်ရေးအဖွဲ့သို့ လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ရခိုင်လူငယ်လူငယ်ညီလာခံမှ မူဝါဒ ၂၄ ခုအပြင် အခြေခံမူ ၄ ချက်ကို လက်တွေအကောင်ထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး ၄င်းလုပ်ငန်းစဉ်များတွင် အစိုးရအပါဝင် လွှတ်တော်နှင့် အရပ်ဖက်အဖွဲ့စည်းများပူးပေါင်းဆောင်ရွက်သင့်ကြောင်း မူဝါဒရေးရာ အကောင်ထည်ဖော်ဆောင်ရေးအဖွဲ့ဝင် ကိုမင်းသိန်းဇံ ကပြောသည်။  

 ရခိုင်လူငယ်ညီလာခံမှ ပေါ်ထွက်လာတဲ့မူဝါဒ ၂၄ ချက်ဟာ တောက်လျှောက်လုပ်သွားမယ့်မူဝါဒတွေပါ။ ဒီကနေ့မှာတော့ အခြေခံမှု ချက်မှတ်ခဲ့ပါတယ်။ ရခိုင်လူငယ်ထုကို ကိုယ်စားပြုသော လူငယ်ရေးရာမူဝါဒအား ရခိုင်လူငယ်ကိုယ်တိုင်ရေးဆွဲ အကောင်ထည်ဖော်ရန်၊ Youth Center များကို ရခိုင်လူငယ်များအများဆုံးနေထိုင်ရာ နေရာဒေသများမှာ ဖွင့်လှစ်ရန်၊ ရခိုင်လူငယ်ညီလာခံကို နှစ်တစ်ကြိမ် စဉ်ဆက်မပြတ်ကျင်းပရန်၊ ရခိုင်လူငယ်ဟူသော အသက်အပိုင်းခြားကို အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိသတ်မှတ်ခဲ့ပါတယ်။ ဒီမူဝါတွေကို အကောင်ထည်ဖော်ဖို့ ရခိုင်လူငယ်တရပ်လုံးအပါဝင် အစိုးရ၊ လွှတ်တော်၊ ပါတီ၊ အရပ်ဖက်အဖွဲ့စည်းများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်ပါမယ်ဟု ပြောသည်။

ပြီးခဲ့သည့် တောင်ကုတ်လူငယ်ညီလာခံတွင် နိုင်ငံရေးမှုဝါဒ ၄ ချက်၊ ပညာရေးမှုဝါဒ ၅ ချက်၊ မူးယစ်ဆေးဝါး မှုဝါဒ ၂ ချက်၊ အလုပ်ကိုင်အခွင့်အလမ်း မှုဝါဒ ၃ ချက်တို့ကို အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။ ယခု အခမ်းနားတွင် ချက်မှတ်ထားသော မူဝါဒကို အကောင်ထည်ဖော်ဆောင်ရွက်ရေး ကော်မတီသို့လုပ်ငန်းနှင့် လုပ်ပိုင်ခွင့်တာဝန်၊ ငွေကြေးရှင်းတမ်း၊ ငွေကြေးနှင့် ပိုင်ဆိုင်မှုပစ္စည်းများအား တရားဝင်လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ လုပ်ငန်းတာဝန်လွှဲပြောင်းခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ကိုယ်စားလှယ် မမေသင်းသင်းအောင် အခုလိုရှင်းပြသည်။

လုပ်ငန်းတာဝန်တွေကတော့ ပထမတောင်ကုတ်ညီလာခံဖြစ်မြောက်ရေး အဖွဲ့ကနေ ဖြစ်ပေါ်လာတဲ့ မူဝါဒဖော်ဆောင်ရေး ကော်မတီကို လွှဲပြောင်းပေးတာပါ။ အခုလွှဲပြောင်းပေးတာကနေ နောက်သုံးနှစ်မှာ ပြုလုပ်မယ့် ညီလာခံအတွက်ကို ဆက်ပြီးတော့ဆောင်ရွက်ဖို့ အစီစဉ်တွေပါ။ အခုမှာတော့ ဘဏ္ဍာရေးနှင့်ပတ်သက်တဲ့ဟာတွေ နောက်ပြီးတော့ ညီလာခံမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေနဲ့ ဆက်စပ်ကိစ္စတွေပါဝင်ပါတယ်ဟုပြောသည်။

ရခိုင်လူငယ်ညီလာခံအား ရခိုင်ပြည်နယ်၏ အခြေနေအရပ်ရပ်တွင် ပူးပေါင်းပါဝင်ရန်လိုအပ်သည်ဟု ခံယူချက်ဖြင့် ရန်ကုန်ရောက် ရခိုင်လူငယ်များက ၂၀၁၆ ခုနှစ် မတ်လမှ စတင် အကောင်ထည်ဖော်လာခြင်းဖြစ်သည်။

ထို လူငယ် ညီိလာခံ ဖြစ်မြောက်ရေး အကြိုတွေ့ဆုံပွဲကို မာန်အောင်မြို့၌ ၂၀၁၈ ခု ဒီဇင်ဘာလတွင်ပြုလုပ်ခဲ့ပြီး ရခိုင်လူငယ်ညီလာခံကြီးကို ၂၀၁၈ မေလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တောင်ကုတ်မြို့တွင်ကျင်းပခဲ့ကာ  ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်မှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် ၁၅ ဦးစီနှင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပလက်ဝမြို့နယ်၊ မန္တလေးတိုင်း၊ ဖားကန့်မြို့နယ်အပါဝင် ပြည်နယ်အတွင်းမှ ရခိုင်မျိုးနွယ်စုဝင် ကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြကြောင်းသိရသည်။