
သြဂုတ် ၂၉ ရက်၊ စိမ်းကိုကို
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့်ပါတီများမှ မူဝါဒနှင့် သဘောထား ကို မြန်မာ့အသံမှပြော ခွင့်ရသည့် မိန်းခွန်း မူကြမ်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရာတွင် စာသားတစ်ချို့ကို ပြန်လည် ပြင်ဆင်ခိုင်းခဲ့ကြောင်း ရခိုင်အမျိုးသားပါတီမှ သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြင်ဆင်ခိုင်းခဲ့သော စာသားတစ်ချို့မှာ “ရခိုင်လူမျိုး”ဆိုသော အသုံး အနှုန်း ကို ရခိုင်တိုင်းရင်းသား အဖြစ်ပြောင်းလဲရန်နှင့် ပါတီ၏မူဝါဒဖြစ်သော “လူမျိုးကိုအခြေခံသော ပြည်နယ်များ နှင့်ဖွဲ့ စည်းသော ပြည် ထောင်စု ပေါ်ပေါက်လာရေး” ဆိုသည့် စကားလုံးများကို ပြင်ဆင်ပေးရန် အကြောင်းကြားလာ ခဲ့ခြင်းဖြစ် ကြောင်း ရခိုင်အမျိုးသားပါတီမှ သိရသည်။
“ရခိုင်လူမျိုးဆိုတာ တောက်လျှောက်သုံးနှုန်းခွင့်ရှိတယ်။ ၂၀၁၀ ရွေးကောက်မှာလဲ သုံးခဲ့တယ်။ ၂၀၁၅ မှာလဲ ရုပ်မြင်သံကြားကပြောတဲ့အခါလဲ ရခိုင်လူမျိုးလို့သုံးလာခဲ့တယ်။ နောက် ၂၀၁၇ ခုမှာလဲ မတားမြစ်ခဲ့ဘူး။ အခုမှ ရခိုင်လူမျိုးလို့ မသုံးရပဲ ရခိုင်တိုင်းရင်းသားလို့ သုံးရမယ် ဆိုတဲ့စကားဟာ မဖြစ်သင့်ဆိုပြီး တင်ပြတဲ့အတွက် အခု ရခိုင်လူမျိုးလို့ သုံးခွင့်တယ်။ သို့သော် လူမျိုးကိုအခြေခံသော ပြည်နယ်များနှင့်ဖွဲ့စည်းရန်ဆိုတာကို တော့သုံးလို့ မရဘူး ပြန်ပြင်ပေးပါလို့ပြောတယ်။ ” ဟု ရခိုင်အမျိုးသားပါတီ ANP အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင် ကျော်ကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဆိုပါ အကြောင်းအကြားစာကို သြဂုတ်လ ၂၄ ရက်နေ့က အကြောင်း ကြားလာခဲ့ခြင်းဖြစ်ပြီး ရခိုင်လူမျိုးဆိုသည့် အသုံးအနှုန်းကို အသုံးပြုခွင့် ပေးခဲ့သော်လည်း “လူမျိုးကိုအခြေခံသော ပြည်နယ်များ နှင့်ဖွဲ့ စည်းသော ပြည် ထောင်စု ပေါ်ပေါက်လာရေး” ဆိုသည့် စားလုံးကို ပြင်ဆင်ရန်မှာ ပါတီ၏ ဖွဲ့စည်းပုံဖြစ်နေသည့်အတွက် ပြင်ဆင်ရန် မဖြစ်နိုင်သည့်အတွက် သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားထားကြောင်း လည်းသိရသည်။
ပါတီမဲဆွေရေးကာလအတွက် ပါတီ၏ မူဝါဒနှင့် သဘောထားကို ရုပ်မြင်သံကြားမှ ပြောကြားမည့် အစီအစဉ်အတွင်း ရခိုင်အမျိုးသားပါတီအနေဖြင့် သြဂုတ်လ ၂၈ ရက်နေ့တွင် အသံသွင်းရမည်ဖြစ်ကာ စက်တင်ဘာလ ၅ ရက်နေ့ ထုတ်လွှင်မည်ဖြစ်သော်လည်း အထက်ပါ အကြောင်းအရာများကြောင့် ၂၈ ရက်နေ့တွင် အသံသွင်းနိုင်ခြင်း မရှိ ကြောင်းလည်းသိရသည်။




