ရခိုင့်ဂီတလောက အဆင့်အတန်းမြင့်မားစေရန် Myanmar Music Festival အဖွဲ့နှင့် ရခိုင့်ဂီတအစည်းအရုံး တွေ့ဆုံနွေးဆွေး

မေလ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။   ။  ရခိုင့်ဂီတလောက အဆင့်အတန်းမြင့်မားလာစေဖို့ ရည်ရွယ်ပြီး ရခိုင့်ဂီတအစည်းအရုံးယာယီနှင့် Myanmar Music Festival တို့ ယနေ့ မေလ ၂၆ ရက် စစ်တွေမြို့ ရွှေသဇင်ဟော်တယ်မှာ ညနေ ၃ နာရီခန့်က တွေဆုံဆွေးနွေးခဲ့သည်။

ယခုဆွေးနွေးပွဲမှသည် နိုင်ငံတကာ စံချိန်စံညွန်းမှီ ဂီတလောကကိုဝင်နိုင်အောင် ရည်မှန်းထားကြောင်း ရခိုင့်ဂီတအစည်းအရုံး(ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မြင့်က DMG ကိုပြောဆိုသည်။

“ခုတွေ့ဆုံတာက ပထမဆုံးအကြိမ်ပါ။ အဲတာကြောင့် သူတို့ရဲ့ ဂီတနဲ့ ကျနော်တို့ရခိုင့်ဂီတ (Music)တို့ အခုမှတွေ့ဆုံကြတာပါ။ ခုကပေါင်းစပ်ဖို့ အချိန်မပေးနိုင်ဘူး။ သူတို့နဲ့ အချိတ်အဆက်ရလာရင်တော့ သူတို့ Music ဂီတနဲ့ ရခိုင့် Music ဂီတတို့ ပေါင်းစပ်ပြီးတင်ဆက်သွားမှာပါ” ဟု ပြောသည်။

ရခိုင့်ဂီတလောက အဆင့်အတန်းမြင့်မားလာဖို့ ရခိုင့်ဂီတအစည်းအရုံး တရားဝင်ဖြစ်လာဖို့ လို့အပ်ကြောင်း အစိုးရထံတရားဝင်စာတင်ထားကြောင်းနှင့် ဂီတလောကသားဘက်စုံပါဝင်လာဖို့လည်း လိုအပ်ကြောင်း ၄င်းမှ ဆက်လက်ပြောဆိုသည်။

“ ကျနော်တို့ အစိုးရဆီမှာ ရခိုင့်ဂီတအစည်းအရုံးတရားဝင်ဖြစ်ဖို့စာတင်ထားတယ်။ ခုယာယီမှာတော့ ဘက်စုံမပါဝင်သေးဘူး။ ကျနော်တို့ တေးရေးတွေ၊ အတီးတွေ အဆိုတွေ ဘက်စုံပါလာရမှာပါ” ဟုပြောဆိုသည်။

ယနေ့ Myanmar Music Festival နဲ့တွေဆုံပွဲမှာ ရခိုင့်ဂီတလောကအခြေအနေအပါအ၀င် မနက်ဖြန် မေလ ၂၇ ရက်နေ့ ဖျော်ဖြေပွဲအတွက် တွေ့ဆုံကြတာဖြစ်ပြီး Myanmar Music Festival အနေဖြင့် နိုင်ငံတကာ ဂီတလောက အခြေကိုချပြလိုခြင်းဖြစ်ကာ ရခိုင့်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ တွေဆုံပွဲမှာ MNF မှ (၆)ဦးပါဝင်ပြီး ဂန္တ၀င်စတား၊ ရိုးရာစည်အဖွဲ့များ၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့ ရခိုင့်သဟာယအသင်းတို့ ပါဝင်ခဲ့သည်။

 

Author: သားသျှေလေး