(ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသော ကိုဖိုးသား၊ ကိုဝင်းကိုကိုလတ်၊ ကိုနောင်တော်လေးတို့ကို တွေ့ရစဉ်။ ဓါတ်ပုံ - ကောင်းကောင်း၊ DMG)

မေလ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန် (DMG) ။    ။  “ ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းအသုံးအနှုန်း ကန့်ကွက်ဆန္ဒပြပွဲ ဦးဆောင်သူသုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ () ဖြင့် ဗဟန်းမြို့နယ်တရားရုံးတွင် မေလ ရက်က ရုံးထုတ်စစ်ဆေးခဲ့သည်။

ထိုဆန္ဒပြပွဲအား ဦးဆောင်လျှောက်ထားခဲ့သူ ရခိုင်လူငယ်များအဖွဲ့မှ ကိုဖိုးသားက “ ၅၀၅ () ပေါ့နော်။ ၅၀၅ () နဲ့ တရားစွဲထားတာ။ အဲဒါ ကျွန်တော်တို့ အမျိုးသားရေးသမားတွေကို တမင်သက်သက် ရည်ရွယ်ပြီးလုပ်ကြံတာပါ။ အစိုးရအနေနဲ့ ဒီလိုလုပ်တာလို့ ယူဆပါတယ်။ နောက်တစ်ခုက ခြေချုပ်တစ်ခုအနေနဲ့ ပတ်သက်တဲ့ အတိုင်းအတာတစ်ခုပေါ်မှာ မူတည်ပြီးတော့ အစိုးရအနေနဲ့ ကျွန်တော်တို့ကို သီးသန့်ကိုလုပ်ချင်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ ယူဆပါတယ်။ ” ဟု DMG သို့ ပြောသည်။

အဆိုပါအမှုမှာ ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် မြန်မာအစိုးရ ကိုယ်စားလှယ်မှ ဘင်္ဂလီများအား " ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်း " ဟု သုံးနှုန်းသည်ကို လက်မခံနိုင်ကြောင်း ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ဗဟန်းကြေးသွန်း ဘုရားကြီးရှေ့မှ တာမွေဟစ်တိုင်ထိ ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ခြင်းကြောင့် ငြိမ်း/စု/စီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားခြင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅()နှင့် ထပ်မံအမှုဖွင့် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

“ ကိုယ်တိုင်ခံဝန်နဲ့ အာမခံပေးတယ်။ နောက်ပြီး ကျွန်တော်တို့ကိုလည်း အစိုးရက  ယုံကြည်တယ်ဆိုတော့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ကလည်း ပြတ်ပြတ်သားသားနဲ့ ကျွန်တော်တို့ မဟုတ်ဘူး။ ကျွန်တော်တို့က နိုင်ငံတော်ကို အကူအညီပေးနေသူတွေဆိုတော့ အမှန်တရားအတိုင်း ပြတ်ပြတ်သားသား ရင်ဆိုင်သွားမှာပါ။ ” ဟု ဆက်ပြောသည်။

ထိုဆန္ဒပြမှုဖြင့် ငြိမ်း/စု/စီ ပုဒ်မ ၁၉ အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅()ဖြင့် ထပ်မံအမှုဖွင့်တရားစွဲ ခံထားရသူများမှာ ဦးဆောင်လျှောက်ထားသူ ရခိုင်လူငယ်များအဖွဲ့မှ ကိုဖိုးသား(ခေါ်) ခင်မောင်လင်း၊ မြန်မာအမျိုးသားကွန်ရက် ဥက္ကဌ ကိုဝင်းကိုကိုလတ်နှင့် တွဲဖက်အတွင်းရေးမှူး ကိုနောင်တော်လေးတို့ဖြစ်သည်။

မြန်မာအမျိုးသားကွန်ရက် ဥက္ကဌ ကိုဝင်းကိုကိုလတ်က “ ကျွန်တော်တို့ရဲ့ ပြောဆိုမှုတွေဟာ လက်ရှိအစိုးရဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့အရေး၊ တိုင်းရင်းသားအခွင့်အရေးကို ဦးစားမပေးဘဲနဲ့ ဒီခိုးဝင်ဘင်္ဂလီတွေဖက်ကို ဘက်လိုက်ပြီးတော့ အခွင့်အရေးပေးနေသမျှ ကျွန်တော်တို့ကလည်း ဆန့်ကျင်နေဦးမှာလို့ ပြောခဲ့တယ်။ အဲဒီလိုပြောခဲ့တဲ့အပေါ်မှာ ကျွန်တော်တို့ဟာ အစိုးရကို ဆန့်ကျင်ပါတယ်။ ကျွန်တော်တို့ဟာ သူများကိုလည်း ဆန့်ကျင်အောင် လှုံ့ဆော်ပါတယ်ဆိုတဲ့ အနေနဲ့ ကျွန်တော်တို့ကို စွဲတာဖြစ်ပါတယ်။ ကျွန်တော်တို့က လှုံ့ဆော်တာမဟုတ်ဘူး။ အစိုးရသိအောင် ပြည်သူ့အစိုးရဆိုရင် ပြည်သူ့စကားကို နားထောင်ရမယ်။ ကျွန်တော်တို့လည်း ပြည်သူတစ်ယောက်ပဲ။ ” ဟု DMG သို့ ပြောသည်။

အဆိုပါ ရုံးထုတ်ရာတွင် ကျပ် ၁၀ သိန်းတန် ကိုယ်တိုင်အာမခံဖြင့် အမှုကိုထုချေရန် မေလ ၂၅ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။

မြန်မာအမျိုးသားကွန်ရက် တွဲဖက်အတွင်းရေးမှူး ကိုနောင်တော်လေးက “ အစိုးရသတ်မှတ်ချက် မမှန်ကန်တဲ့အတွက် ကျွန်တော်တို့ ကန့်ကွက်တယ်။ ပြည်သူတင်ထားတဲ့ အစိုးရလို့ပြောတယ်။ ကဲဟုတ်ပြီ ကျွန်တော်တို့က ပြည်သူ့န္ဒပြောတယ်လေ။ ဒါဟာ ဘာဖြစ်လို့လဲ။ ဟုတ်လား။ ကျွန်တော်တို ပြည်သူတိုင်းက ဝေဖန်ခွင့် ထောက်ပြခွင့် ပြောဆိုခွင့်ရှိတာပဲ။ အဲဒီိလို မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ဟာ အာဏာရှင်လက်အောက်ကို ရောက်တာနဲ့ ဘာထူးမလဲ။ ” ဟု DMG သို့ပြောသည်။

ကိုဝင်းကိုကိုလတ်နှင့် ကိုနောင်တော်လေးတို့ နှစ်ဦးသည် အမေရိကန်သံရုံး၏ လူမျိုးလိမ်ဖန်တီးသုံးစွဲမှုကို ကန်ကွက်ခြင်ကြောင် ငြိမ်းစုစီ ပုဒ် ၁၉ အပြင် ကမာရွတ်မြို့နယ် ထွေအုပ်က ထပ်တိုးစွဲဆိုထားသည်၅၀၅()ကိုပါ ရင်ဆိုင်နေရသဖြင့် ပုဒ်မ ၁၉ ဖြင့် မှူ၊ ၅၀၅()ဖြင့် မှုကို တရားရုံး ခုတွင် ရင်ဆိုင်နေရကြောင်း သိရသည်။

Author: ကောင်းကောင်း