- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
- ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၅၉ သန်းထောက်ပံ့
- စိုင်းဒင်အထက်ပိုင်းက ကျေးရွာများတွင် ကလေးအသေမွေးဖွားနှုန်း မြင့်တက်နေ
ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်သီချင်းအဆိုပြိုင်ပွဲ ပုဏ္ဏားကျွန်းမြို့တွင်ကျင်းပ
“ ရခိုင်လူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ရခိုင်ပြည်နယ်နေ့မှာ မိမိလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုတွေနဲ့ အဆို၊ အက၊ အလှတို့ကို မမေ့ပျောက်စေဖို့ လူငယ်၊ လူရွယ်တွေအနေနဲ့ ယဉ်ကျေးမှုအမွေနှစ်တွေကို လက်ဆင့်ကမ်းထိန်းသိမ်းတတ်စေဖို့ ပျော်ပွဲရွှင်ပွဲအဖြစ် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါတယ် ” ဟု မြို့နယ်ရခိုင်မျိုးနွယ်စုစာပေနှင့်ယဉ်ကျေးမူအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောသည်။
14 Dec 2018
ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်၊ ဇောင်း(ပုဏ္ဏားကျွန်း)/DMG
ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် (၁၈)ကြိမ်မြောက် ရခိုင်တေးသီချင်း အဆိုပြိုင်ပွဲနှင့် ပဒေသာကပွဲကို မြို့နယ်ရခိုင်မျိုးနွယ်စု စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှကြီးမှူးပြီး ပုဏ္ဏားကျွန်းမြို့ အ.ထ.က ကျောင်း ဘောလုံးကွင်း၌ ဒီဇင်ဘာလ ၁၃ ရက်မှ ၁၅ ရက်ထိ စည်းကားသိုက်မြိုက်စွာ ကျင်းပနေသည်။
ရခိုင်မျိုးနွယ်စုများထဲတွင် ရခိုင်၊ ခမီ၊ မြို၊ သက်၊ဒိုင်းနက်(သက္ကမ)၊ကမန်၊မာရာမာကြီးမျိုးနွယ်စုတို့က ရိုးရာယိမ်းအကအလှများနှင့် မာရမာကြီးတို့၏ ရိုးရာ၊ အဆို၊ အကတို့ဖြင့် ဖျော်ဖြေကြပြီး ရခိုင်သီချင်း အဆိုပြိုင်ပွဲကျင်းပကြသည်။
“ ရခိုင်လူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ရခိုင်ပြည်နယ်နေ့မှာ မိမိလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုတွေနဲ့ အဆို၊ အက၊ အလှတို့ကို မမေ့ပျောက်စေဖို့ လူငယ်၊ လူရွယ်တွေအနေနဲ့ ယဉ်ကျေးမှုအမွေနှစ်တွေကို လက်ဆင့်ကမ်းထိန်းသိမ်းတတ်စေဖို့ ပျော်ပွဲရွှင်ပွဲအဖြစ် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါတယ် ” ဟု မြို့နယ်ရခိုင်မျိုးနွယ်စုစာပေနှင့်ယဉ်ကျေးမူအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောသည်။
ယင်းအဆိုပြိုင်ပွဲတွင် ဝါသနာရှင်အဆင့်နှင့်ဆုရဖူးသူအဆင့်တို့ ယှဉ်ပြိုင်လျက်ရှိသည်။ ဝါသနာရှင်များ အဆင့်တွင် ပထမဆို ကျပ်တစ်သိန်း၊ ဒုတိယဆု ကျပ်ရှစ်သောင်း၊ တတိယဆု ကျပ်ခြောက်သောင်း၊ နှစ်သိမ့်ဆု ကျပ်လေးသောင်းနှင့် ဆုရဖူးသူများအဆင့်တွင် ကျပ်တစ်သိန်းခွဲထိ ချီးမြှင့်ပေးသွားမည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။