(မိုရာမုန်တိုင်းကြောင့် စစ်တွေမြို့ရှိ လောကာနန္ဒာဘုရားအနီး၌ လဲနေသော ဓါတ်မီးတိုင်။ ဓါတ်ပုံ - ဖေ့စ်ဘွတ်)

မေလ ၃၀ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။   ။  ရခိုင်ပြည်နယ် အတွင်း မိုရာ စိုင်ကလုံးမုန်တိုင်းကြောင့် လျှက်စစ်မီးပြတ်တောက်ခဲ့ကာ ယနေ့ မေလ ၃၀ ရက်နေ့ ညပိုင်း ၆ နာရီခန့်မှစတင်ကာ စစ်တွေမြို့မှလွဲပြီး ရခိုင်တစ်ပြည်နယ်လုံး လျှက်စစ်မီး ပြန်လည်ရရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အင်ဂျင်နီယာ ဦးကြီးဇေယျာက DMG သို့ အတည်ပြုပြောဆိုသည်။

“မနေ့က မုန်တိုင်းအခြေအနေကြောင့် ဓာတ်တိုင်တွေကျိုးတာတွေရှိတယ်၊ မီးကြိုးပြတ်တာတွေရှိခဲ့တယ်။ စစ်တွေတစ်မြို့တည်းမရသေးတာပါ။ ကျန်တဲ့ မြို့နယ်တွေအကုန်ပြန်ရသွားပြီ” ပြောဆိုသည်။

စစ်တွေမြိုကတွင် ဓာတ်တိုင် ၃၀ ကျော်ကျိုးကျခဲ့ပြီး ၄၀ ခန့်လဲကျပျက်စီးခြင်းကြောင့် မီးပြန်လည်ဖြန့်ဝယ်ဖို့ ကြန်ကြာနေချင်း ဖြစ်ကြောင်းလည်း ၄င်းမှပြောဆိုသည်။

“ကျနော်တို့ ဓာတ်တိုင်တွေပြန်လည် ပြုပြင်နေတယ်။ မုန်းတိုင်းကလည်း ဒီနေ့မှာ ငြိမ်တာဆိုတော့ တစ်မြို့လုံး မီးပြန်ရဖို့ဆိုတာ မလွယ်သေးဘူးလေ။ ဒါပေမယ့် ထိခိုက်မှုနည်းတဲ့ လိုင်းတွေကိုတော့ ဒီနေ့ည ပြန်လည်ဖြန့်ဖြူးတော့မှာပါ” ဟု ဦးကြီးဇေယျာမှ ဆက်လက်ပြောဆိုသည်။

စစ်တွေမြို့တွင် အထိခိုက်နည်းသည့် လိုင်းမှာ စစ်တွေမြို့လမ်းမကြီးဖြစ်ကာ ဓာတ်တိုင်များကျိုးကျ ပျက်စီးသွားသည့် လိုင်းများအား ပြုပြင်ပြီးစီးမှုနှင့်အတူ ပြန်လည်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ကျောက်ဖြူမြို့နယ်နှင့် အခြားမြို့နယ် ၃ ခုကို DMG က ဆက်သွယ်မေးမြန်းသော် ယနေ့ နေ့လည် ၂ နာရီကတည်းက လျှပ်စစ်မီးရရှိနေပြီဟု ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးအသင်းမှ ဦးထွန်းကြည်က ပြောသည်။

မုန်တိုင်းဒါဏ်ကြောင့် ဓာတ်တိုင်များကျိုးကျခြင်းဖြစ်ပေါ်ခဲ့သော်လည်း စစ်တွေအပါအ၀င် ရခိုင်တစ်ပြည်နယ်လုံး လျှက်စစ်ကြောင့် ထိခိုက်နစ်နာမှုတစ်စုံ တစ်ရာမရှိကြောင်းလည်း ဦးကြီးဇေယျာမှ DMG သို့ပြောဆိုထားသည်။

Author: သားသျှေလေး