
(မိုရာမုန်တိုင်းကြောင့် ခေါင်မိုးပျက်စီးသွားသော ပုဏ္ဏားကျွန်းမြို့ပေါ် စာသင်ကျောင်း။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)/DMG)
ဇွန်လ ၂ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခိုက်ခဲ့သော မိုရာမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စာသင် ကျောင်းဆောင်ပေါင်း ၈၆၆ ဆောင် ပျက်စီးပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၇၂၇ သန်းဝန်းကျင်ခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ဇွန် ၂ ရက်နေ့မှာ ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းအတွင်းမှာရှိသော အဆောင်အရေအတွက်များသာ သိရသေးပြီး တစ်ကျောင်းလုံးပျက်စီးသွားတဲ့ အရေအတွက်ကိုတော့ မသိရသေးကြောင်း ပြည်နယ်ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောသည်။
ထိုကဲ့သို့ ပျက်စီးသွားသော ကျောင်းဆောင်တွေရဲ့ တန်ဖိုးကို ရက်ပိုင်းအတွင်း တင်ပြတောင်ခံသွားမှာဖြစ်ပြီး အမြန်ဆုံးပြန်ပြုပြင်သွားမှာဖြစ်ကြောင်း ပျက်စီးသွားတဲ့ ကျောင်းအဆောင်တွေရှိပေမဲ့ တပြည်နယ်လုံးက ကျောင်းတွေကို ဇွန်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးက ပြောသော်လည်း ပျက်စီးမှု များပြားသောကျောင်းများမှာ လတ်တလောဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် ဒေသခံများထံမှသိရသည်။




