ရခိုင်သံဃနိကာယအသင်းမှ ဓမ္မသုခပရိယတ္တိစာသင်တိုက် ဆရာတော်ဦးဆောင်ပြီး မောင်တောဒေသခံများကို ငွေသားနှင့် ဆိုလာမီးများ လှူဒါန်းခဲ့သည်။

အောက်တိုဘာ ၂၆၊ ၂၀၁၇ ခုနှစ်။    ။   ရန်ကုန်တိုင်းဒေသကြီး ရခိုင်သံဃနိကာယအသင်းမှ အကြမ်းဖက်ခံရမှုဖြစ်စဉ်များကြောင့် ဒုက္ခရောက်နေသော မောင်တောဒေသက ဒေသခံများကို ငွေသားနှင့် ဆိုလာမီးများ အောက်တိုဘာလ ၂၅ ရက်နေ့က လှူဒါန်းခဲ့ ကြောင်း သိရသည်။

ရခိုင်သံဃနိကာယအသင်းမှ ဓမ္မသုခပရိယတ္တိစာသင်တိုက် ဆရာတော်ဦးဆောင်ပြီး မောင်တောမြို့ အောင်မြေဗောဓိသာဿန ရိပ်သာရှိ ဓမ္မာရုံတွင် အခမ်းအနားတစ်ခုပြုလုပ်ပြီး လှူဒါန်းခဲ့သည်။   

အကြမ်းဖက်ဘင်္ဂလီများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားကြသည့် အောင်သပြေကျေးရွာက (၂)ဦး၊ အောင်မြေဗောဓိက (၁) ဦး၊ ရင်ကာစေတီက (၅) ဦး၊ ကိုင်းကြီးက (၈) ဦး၊ ခရေမြိုင်က (၂) ဦး၊ ကင်းချောင်းက (၂) ဦး၊ တရိမ်းက (၂) ဦး၊ ရွာသာယာက (၁) ဦး၊ ပဲရုံက (၁) ဦး၊ ဘူးသီးတောင်က (၁) ဦး၊ ဘဒဂါးရွာသစက်က (၆) ဦး စုစုပေါင်း သေဆုံးသူ အရပ်သား (၃၁) ဦးနှင့် တပ်မတော်သား (၂)ဦး၊ နယ်ခြားစောင့်တပ်သား (၁၂) ဦးအား တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ၄၅ သိန်းအား လှူဒါန်းခဲ့ရာ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က လက်ခံရယူခဲ့သည်။

ထို့နောက် အောင်သပြေကျေးရွာမှ သေနတ်ဒဏ်ရာဖြင့် ဆေးကုသခံနေသူ (၂) ဦးကိုလည်း တစ်ဦးလျှင် (၁)သိန်းစီ လှူဒါန်းခဲ့ပြီး ဆင်းရဲနွမ်းပါးပြီး ဝေးလံခေါင်ပါး ကျေးရွာများဖြစ်ကြသည့် ငရံချောင်း အိမ်ထောင်စု (၄၂) စု၊ နံသာတောင် (၄၂) စု၊ အထက်ပြူးမ (၇) စု၊ တရိမ်းမြို (၅၄) စု၊ တရိမ်းရခိုင် (၂၄) စု၊ အောင်သပြေ (၁၂၇) စု အောင်ချမ်းသာ (၂၇) စု၊ ဗန္ဓုလ (၇၅) စု၊ ဟော်ပီတောင် မရာမာကြီး (၂၃) စု စသည့် အိမ်ထောင်စုများကို မိသားစုတစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၄၂၁) စုကို အလှူငွေ (၈၄၂၀၀၀၀) ကျပ်အား လှူဒါန်းခဲ့ကြသည်။

အလွန်ဝေးလံခေါင်ပါးသည့် လဘော်ရွာနှင့် သံပရာ ၂ ရွားရှိ အိမ်ထောင်စု (၃၄) စု အတွက် ဆိုလာမီးများ လှူဒါန်းခဲ့ကြသည်။

Author: ချလူးအောင်