- ပေါက်တော၊ မြေငူကျွန်းက စစ်ဘေးရှောင်များ ထမင်းရည်သောက်နေကြရ
- သက်ဆင်သည် မိမိကို ထိုင်းအစိုးရ လျှို့ဝှက်စာရွက်စာတမ်းများ ပေးခဲ့ဖူးကြောင်း ဟွန်ဆန်ထုတ်ပြော
- နောင်ချိုမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်
- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် စီးနှင်းလာသည့် ခရီးစဉ်ယာဉ်တန်းအလွန် ဆွဲမိုင်းပေါက်ကွဲ
သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နယ်များမှ ဒေသဖွံ့ဖြိုးရေး ခရီးစဉ်ကနေ ပြန်လာသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ပါဝင်သည့် ကားယာဉ်တန်းအလွန် ဆွဲမိုင်းကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
08 Dec 2017
(ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုအားတွေ့ရစဉ်။ ဓါတ်ပုံ - DMG)
ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ။ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နယ်များမှ ဒေသဖွံ့ဖြိုးရေး ခရီးစဉ်ကနေ ပြန်လာသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ပါဝင်သည့် ကားယာဉ်တန်းအလွန် ဆွဲမိုင်းကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
အဆိုပါ ပေါက်ကွဲမှုသည် မြေပုံမြို့နယ်၊ ယောချောင်းတံတားအနီး မိုင်တိုင်အမှတ် ၄၅ ၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ပြည်နယ်ဝန်ကြီး ခရီးစဉ်အတွင်း လိုက်ပါလာသည့် အရာရှိတစ်ဦးက ပြောသည်။
“ ဝန်ကြီးချုပ်ယာဉ်တန်းနဲ့ ၁ နာရီလောက်ခြားပြီးတော့ ပေါက်သွားတာလို့ပြောတယ်။ ကျန်တာတော့ ဘာမှမသိရသေးပါဘူး။ ဝန်ကြီးချုပ်နဲ့ ပါသွားတာက လူမှုရေးဝန်ကြီးတို့ ပါသွားတယ်။ ” ဟု ပြောသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ဥက္ကဌ စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်က ယခုကဲ့သို့ပြောသည်။
“ စိုးရိမ်စရာတော့ရှိတယ်။ ဒါဟာ လက်လုပ်မိုင်းတွေ၊ ဆွဲမိုင်းတွေ ချိန်ကိုက်မိုင်းတွေ လုပ်ပြီးတော့ ရခိုင် ပြည်နယ်တွင်းမှာ မတည်မငြိမ်ဖြစ်အောင်လုပ်တာဖြစ်တယ်။ ပြည်သူတွေရဲ့ သွားရေးလာရေးမှာ စိုးရိမ်စရာဖြစ်လာတယ်။ ” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အတွင်းမကြာခဏဆိုသလို မိုင်းပေါက်ကွဲမှု၊ တွေ့ရှိမှုများရှိနေပြီး ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ကျေးရွာအနီး မိုင်းနှစ်လုံးတွေ့ရှိကာ တပ်မတော်မှ ရှင်းလင်း ထိန်းသိမ်းနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။