(ဓါတ်ပုံ - သုတေသန စာတမ်းဖတ်ပွဲပြုလုပ်မည့် ဗီနိုင်းကြော်ငြာပုံ)

ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။  ။  သမိုင်းသုတေသီများပါဝင်မည့် "Seminar on Sanskrit Literature of Rakhine " ဟု ခေါင်းစဉ်ပေးထားသည့် ရခိုင်သုတေသနစာတမ်းဖတ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တော်ဝင်ဂါးဒင်းဟိုတယ် ပုဂံခန်းမတွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းရခိုင်သုတေသနစာတမ်းဖတ်ပွဲကို ယခုလ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်း ရခိုင်တိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက ကြီးမှူးကျင်းပမည်ဟု ဦးဆောင်အဖွဲ့ဝင် ကိုတင်အောင်စိုးက ပြောသည်။

“ ရခိုင့်စာပေ၊  ရခိုင့်ယဉ်ကျေးမှုတွေကို နိုင်ငံတကာက သိအောင် ဖော်ထုတ်တာပေါ့။ အဲဒီမှာ တဆက်တည်းပဲ ရခိုင်သက္ကတ ကျောက်စာကို လေ့လာနေတဲ့ ပညာရှင်တွေနဲ့ ရခိုင်က လေ့လာနေသူတွေ ပိုမိုရင်းနှီး ပူးပေါင်းလုပ်ဆောင်လို့ ရအောင်ပါ။ " ဟု ပြောသည်။

နိုင်ငံခြားသား ပညာရှင်နှစ်ဦးဖြစ်သည့် Prof. Dr. Arlo Griffiths, Prof. Dr. Suchandra Ghosh အပါအဝင် ရခိုင်လူမျိုး ဦးမောင်ဖြူတို့က ဖတ်ကြားမည်ဖြစ်ပြီး သက္ကတဘာသာကို လေ့လာနေသူများထဲက ၁၀၀ ဦးကို ဖိတ်ကြားထားကြောင်း ကိုတင်အောင်စိုးက ဆိုသည်။

အဆိုပါ ရခိုင်သုတေသနစာတမ်းဖတ်ပွဲကို စိတ်ပါဝင်စားသူများမှာ တစ်ဦးကို ကျပ်ငွေ ၃၀၀၀၀ ဖြင့် စာရင်းသွားကာ တက်ရောက်နားထောင်နိုင်ကြောင်း သိရသည်။

Author: ကောင်းကောင်း