Scholar Institute and Search For Common Group မှ ကြီးမှူးကျင်းပသော ပြည်သူ့ဝန်ဆောင်မှု တိုးတက်ကောင်းမွန်ရေးအတွက် မိတ်ဆက်ပွဲအခမ်းအနားကို သြဂုတ် ၆ ရက် နေ့ မနက် ၉ နာရီ မှညနေ ၃နာရီထိ ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ဝန်ဆောင်မှုကိစ္စများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် စစ်တွေ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း စသောမြို့နယ် လေးခုတွင် ပြည်သူနှင့်အစိုးရအကြား လိုအပ်သောဝန်ဆောင်မှုလုပ်ငန်းကို သုတေသန ပြုလုပ်ကာ သက်ဆိုင်ရာ အစိုးရများထံ ရှင်လင်းတင်ပြနိုင်ရန်အတွက် ရည်ရွှယ်ပြီး ၃ နှစ်စီမံကိန်းဖြင့် မြို့နယ်လေးခုတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မိတ်ဆက်ပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း Scholar Institute မှ တာဝန်ရှိသူ ကိုလွန်ပိန်ကပြောသည်။

“ အစိုးရနှင့် ပြည်သူအကြား တစ်ဦးပေါ်တစ်ဦး ကဏ္ဍအသီးသီးအလိုက် ၀န်ဆောင်မှုတွေ ဘယ်လိုရှိတယ် ဆိုတာကို သုတေသန စစ်တမ်း ကောက်ယူပြီး သင်ဆိုင်ရာ လွတ်တော် ကိုယ်စလှယ်များဝန်ကြီးဌာနများကို ပြန်လည် ရှင်းလင်းတင်ပြနိုင်ရန်အတွက် ဒီပြည်သူ့ဝန်ဆောင်မှု တိုးတက်ကောင်းမွန်ရေးလုပ်ငန်းစဉ်ကို လုပ်ဒါဖြစ်တယ်။ ” ဟုပြောသည်။

ဒေသခံ အဖွဲ့အစည်းများ အနေဖြင့် အစိုးရအကြား လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်ခြင်း ပြုလုပ်နိုင်မှသာ တိုးတက်ကောင်းမွန်သော မြို့နယ်တစ်ခု ဖြစ်လာနိုင်သလို ထိုအဖွဲ့အစည်းမှာလဲ ဒေသအလိုက် လိုအပ်ချက်အချို့ကို ဖြည့်စဉ်းပေးမဲ့ အပေါ်မှ ရမ်းဗြဲမြို့နယ် အနေဖြင့် အထူးကြိုဆိုကြောင်း ရမ်းဗြဲမြို့နယ် လူငယ်များကွန်ယက်မှ တာဝန်ရှိသူ ကိုမောင်မောင်ကြီးက ပြောသည်။

“ ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှ တစ်ဦးပေါ်တစ်ဦး လိုအပ်ချက်တွေကို သိရမယ်။ ပြီးတော့ ဒီသုံးနှစ်စီမံကိန်မှာလဲ ဒီအခု အဖွဲ့အစည်းတွေအနေနဲ့ မြို့နယ်အတွင်း လိုအပ်ချက်တွေကို အထောက်အကူ ပေးမယ်သိရတယ်။ ဒါမှလဲ မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုက ပိုမြန်လာမယ်။ ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ရမ်းဗြဲ လူငယ်ကွန်ယက်အနေနဲ့ ကြိုဆိုပါတယ်။ ” ဟု ဆိုသည်။

ပြည်သူ့ဝန်ဆောင်မှု တိုးတက်ကောင်းမွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ် မိတ်ဆက်ပွဲ အခမ်းအနားကို ရမ်းဗြဲမြို့နယ် လွှတ်တော်ကိုယ်စလှယ်များ ဌာနဆိုင်ရာများနှင့် CSO လူမှုအဖွဲ့အစည်းများ ဒေသခံများက တက်ရောက်ကာ  ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Author: အောင်ကောင်းဇော်