
ခင်သရဖီဦး၊DMG
စက်တင်ဘာ ၂၉၊ ရသေ့တောင်
ရသေ့တောင် မြို့နယ်တွင် စာသင်ပြကောင်းသည့် ဆရာ၊ဆရာမများကို ရွေးချယ်ပြီး လစဉ်ဆုချီးမြှင့်လျက်ရှိသည်။
ယခုစက်တင်ဘာလတွင် ထူးချွန်ဆုရရှိသူမှာရသေ့တောင်မြို့နယ်အောက်ကျောင်းတောင်အလယ်တန်းကျောင်း(ခွဲ)မှ ဆရာဦးထွန်းရွှေဖြစ်သည်။လက်ရှိအချိန်တွင် ထူးချွန်ဆုရဆရာ ၊ ဆရာမခုနှစ်ယောက်ကို ဆုချီးမြှင့်ထားပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ဆုကို ဆရာဆရာမများ စာသင်ကြားမှု ပိုမိုတိုးတက်လာစေရန်၊ကလေးငယ်များ စာတတ်မြှောက်ရန် စိတ်အားထက်သန်စွာ စေတနာအပြည့်နှင့် သင်ပြသည့် ဆရာ၊ဆရာမများနှင့် သွားလာရန်ခက်ခဲသည့် နေရာ များကိုသွား ရောက် ပညာသင်ပေး သည့် သူများကို ဆုပေးခြင်းဟု ရသေ့တောင်မြို့နယ် ဒုတိယပညာရေးမှူး ဦးသန်းလှိုင်က ပြောသည်။
“ကလေးတွေကို ပညာသင်တဲ့အခါမှာ ဆရာဆရာမတွေက ခိုလုံ့ဖို့ ခက်ခဲ့တဲ့နေရာတွေကိုပါ ခရီးသွား ရောက်ပြီး စာတတ်မြှောက်အောင် သင်ကြားပေးတဲ့၊ ဆရာ ဆရာမတွေများလာအောင် ဆိုပြီးတော့ အကောင်း ဖက်ကိုတွေးပြီး ရည်ရွယ်ပြီးပေးတာပါ ” ဟု ၎င်းကဆိုသည်။
တစ်လတာ ဆရာ၊ဆရာမများ၏ စာသင်ကြားပုံ ကျောင်းတိုးတက်မှုအခြေအနေများနှင့် ကျောင်းသားမိ ဘများ၏ လက်ခံနိုင်မှုအတိုင်းအတာကို ပညာရေးမှူးကိုယ်တိုင် သွားရောက်စစ်ဆေးပြီး ဆုချီးမြှင့်ခြင်းဖြစ်သည်။
ယင်းဆုပေးပွဲကို ရသေ့တောင်မြို့နယ် ဒုတိယပညာရေးမှူး ဦးသန်းလှိုင်က စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။
" ဆုအနေနဲ့ အဝတ်အစားတစ်ထည် ပိုက်ဆံနည်းနည်းပေါ့ နောက်တစ်ခုက ဂုဏ်ပြုလက်မှတ်ကို လစာထုတ်တဲ့နေ့ ဆရာဆရာမတွေအားလုံးရှေ့မှာပေးတာ ဖြစ်တယ်လို့ " သားလှ( ရသေ့တောင်) ကပြောသည်။
ယင်းဆုကို ပြီးခဲ့သည့် ဇွန်လအတွင်းက စတင်ကာ ပေးခဲ့ခြင်းဖြစ်ကာ တစ်လတစ်ကြိမ်ဆုချီးမြှင့်နေခြင်း လည်းဖြစ်သည်။




