ခိုင်ရိုးလ၊DMG

အောက်တိုဘာ ၁၁၊ ပေါက်တော

ပေါက်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး အောက်တိုဘာလ ၁၁ ရက်နေ့က မိမိကိုယ်သေနတ်ဖြင့် ပစ်သတ်၍ သေဆုံးသွားကြောင်း ပေါက်တောမြို့မရဲစခန်းမှ ရဲအုပ်သန်းဌေးက ပြောသည်။

သေဆုံးသူမှာ ရဲတပ်သားအောင်မြင့်သိန်းဆိုသူဖြစ်ပြီး အဆိုပါ သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သတ်၍  ရဲစည်းမျဉ်း၊စည်းကမ်းအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရဲအုပ်သန်းဌေက ဆိုသည်။

“သူမသေဆုံးမီ အလုပ်လုပ်ဖို့ ခေါ်ရင်လည်းမရဘူး။ ဖုန်းအဆက်အသွယ်လုပ်လို့လည်း မရဘူး။ လုပ်သေနတ်နဲ့ ကိုယ့်ကိုယ် ပစ်သတ်ပြီး သေဆုံးသွားတာ။ ဘာကြောင့် ပစ်သတ်ပြီး သေဆုံးသွား တာလဲ ဆိုတာကို ကျနော်တို့ တပ်ဖွဲ့ စည်းမျဉ်း၊ စည်းကမ်းအရတော့ စုံစမ်း စစ်ဆေးနေတယ် ”ဟု ၎င်းကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်တောမြို့မရဲစခန်းတွင်  သေမှုသေခင်း ဥပဒေပုဒ်မဖြင့် အမှုဆောင်ရွက်ထားကြောင်းယင်းစခန်းက သိရသည်။