
သြဂုတ် ၂၀၊ စိမ်းကိုကို
မေလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ကျင်းပခဲ့သော ရခိုင်လူငယ်ညီလာခံတွင် မာရမာကြီးနှင့် ကမန်တိုင်းရင်းသားများကို အကြောင်းအမျိုးမျိုးကြောင့် မဖိတ်ခေါ် နိုင် ခဲ့သော်လည်း လာမည့် ညီလာခံများတွင် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကုတ်မြို့ပေါ်တွင်ကျင်းပခဲ့သော ရခိုင်လူငယ်ညီလာခံတွင် လက်ရှိနိုင်ငံရေးအခင်းအကျင်းများအရသော် လည်းကောင်း၊ ဒေသခံအရပ်ဖက်လူမှုအဖွဲ့အစည်းများက မာရမာကြီးနှင့် ကမန်တိုင်းရင်းသားကိုယ်စား လှယ် များနှင့်တပ်သက်ပြီး လုံခြုံရေးကို တာဝန်ယူမှုအပြည့်အဝ မပေးနိုင်ခဲ့သည့်အတွက် ၄င်းတို့ကို ညီလာခံသို့ မဖိတ်ခေါ်နိုင်ခဲ့သော်လည်း လူငယ်ညီလာခံကို မာရမာကြီးနှင့်ကမန်တိုင်းရင်းသားများမှ ဂုဏ်ပြုမှတ်တမ်း လွှာများ၊ သဝဏ်လွှာများပေးပို့ခဲ့ကာ လာမည့် ညီလာခံများတွင် ရခိုင်ပြည်နယ်အတွင်းရှိသော တိုင်းရင်းသား လူငယ်အားလုံး ပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်လူငယ်ညီလာခံ ဦးဆောင်ကော်မတီဝင် ကိုမင်းသိန်းဇဏ်ကပြောသည်။
“မရာမာတိုင်းရင်းသားမျိုးနွယ်စုနဲ့ ကမန်တိုင်းရင်းသားမျိုးနွယ်စုမှာ ဘာကြောင့် တောင်ကုတ်ညီလာခံကို မရောက်ခဲ့ဘူးလဲဆိုရင်၊ အဲဒီရှိတဲ့ ဒေသခံအရပ်ဖက်အဖွဲ့စည်းတွေက အဲဒီ မရာမာကြီးတိုင်းရင်းသားတွေရဲ့ ကိုယ်စားလှယ်တွေကို လုံခြုံရေးကို အာမခံချက် အပြည့်အဝမပေးနိုင်ဘူးဆိုပြီး ဆုံးဖြတ်ချက်ပေးတဲ့ အတွက် ကျွန်တော်တို့ အဲဒီလိုအခင်းအကျင်းတွေဖြစ်သွားရတာဖြစ်ပါတယ်။ နောက်ထပ် သုံးနှစ်တာကာလမှာတော့ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်ထဲမှာ ပါဝင်တဲ့ တိုင်းရင်းသား ၇ မျိုးလုံးကို ဖိတ်ဖို့အတွက် အစီအစဉ်လဲ ရှိတယ်။ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို စဉ်းစားဆုံးဖြတ်ထားတဲ့ အခင်းအကျင်းလဲရှိတယ်။ ”ဟုပြောသည်။
ပြီးခဲ့သည့် ရခိုင်လူငယ်ညီလာခံမှ ပညာရေးနှင့်ဆိုင်သော မူဝါဒ(၁၅)ချက်၊ မူးယစ်ဆေးဝါးနှင့်ဆိုင်သော မူဝါဒ(၂)ချက်၊ နိုင်ငံရေးနှင့်ဆိုင်သော မူဝါဒ (၄) ချက်၊ အလုပ်အကိုင်အခွင့်လမ်းနှင့် ဆိုင်သော မူဝါဒ(၃) ချက်တို့ ကို ချမှတ်နိုင်ခဲ့ပြီး ရခိုင်လူငယ်ညီလာခံကို ၃ နှစ်လျှင်တစ်ကြိမ်ခန့် ကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရ သည်။




