မောင်တောဒေသရှိ ရခိုင်တိုင်းရင်းသားများအား ဘင်္ဂါလီအကြမ်းဖက်သမားများက ခြိမ်းခြောက်သည့်စာရွက်။

ခင်သရဖီဦး။ ဇွန်လ (၄) ရက်၊၂၀၁၈ ခုနှစ်။ ရခိုင်ပြည်နယ်အတွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အစိုးရမှဖွဲ့ပေးမည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းရာတွင် ရခိုင်ခေါင်းဆောင် (သို့မဟုတ်) ပညာရှင်များ ပါဝင်နိုင်မည်မဟုတ်ဟု ရခိုင်အမျိုးသားပါတီက ပြောသည်။

ရခိုင်အရေးကိုဖြေရှင်းနိုင်ရန် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင် အဖွဲ့ဝင် (၃) ဦးပါဝင်မည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့တစ်ခုကို အစိုးရအနေဖြင့် ဖွဲ့စည်းရန်ရှိကြောင်း မေလ ၃၁ ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည်။

ယင်းကော်မရှင်တွင် ရခိုင်ပြည်သူများ အသိအမှတ်ပြုထားသော ခေါင်းဆောင်များ မပါနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“ သူတို့မှာက အဲလိုဖွဲ့ထားတာ ဒီကလူတွေက ပါဝင်နိုင်မယ်လို့ မထင်ပါဘူး၊ ပါဝင်နိုင်ဖွယ်ရာ မရှိဘူးလို့ ထင်ပါတယ်။ ကောင်စီမှာတော့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးမယ်၊ တည်ငြိမ်းအေးချမ်းအောင် လုပ်မယ်လို့ ပြောထားတယ်၊ သို့သော် အသေစိတ် အချက်အလက်တွေကို တစ်ခုမှထုတ်ပြန်ထားတာမရှိပါဘူး။ ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မည်သည့်ကဏ္ဍကို မည်ကဲ့သို့ စုံစမ်းမလဲဆိုသည်ကို အသေးစိတ်မသိရသည့်အတွက် ကော်မရှင်အနေဖြင့် မည်မျှထိ လုပ်ပိုင်ခွင့်ရရှိမလဲကို မသိနိုင်ကြောင်း ဦးထွန်းအောင်ကျော်က ပြေသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် အစိုးရမှ ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်နေသော်လည်း ဘင်္ဂါလီများအနေဖြင့် ရခိုင်ပြည်နယ်ကို လိုချင်နေသည့်အတွက် မည်သည့်အခါမှ ပြန်လည်သင့်မြတ်နိုင်မည်မဟုတ်ဟု စစ်တွေမြို့အရပ်ဖက် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်က ပြောသည်။

“ နိုင်ငံတကာမှာရောက်နေတဲ့ ရခိုင်သားတွေ  ထိုင်းမှာ ဘယ်လိုနေရသလဲ၊ ထိုင်းလူမျိုးဘယ်လိုနေရသလဲ၊ ဆိုလိုတာက ဧည်သည်နဲ့ အိမ်ရှင်ဆက်ဆံရေးမျိုး အားလုံးလို လက်ခံတယ်။ သို့သော် အခု ဒီလိုအချိန်မှာ သူတို့တောင်းဆိုနေတာက ဌာနေရခိုင်တောင်မှ ဖယ်ပေးရမည့် အခြေအနေမျိုးဖြစ်နေတယ်။ ဒီဒေသကို တောင်းဆိုနေတယ်။ ဒီဒေသကို လုနေတယ်။ ဒီအပေါ်မှာ အခြေခံပြီးတော့ သင့်မြတ်အောင် လုပ်မယ်ဆိုလို့ရှိရင် တစ်သက်လုံးဖြစ်နိုင်မှာမဟုတ်ဘူး။ စုံစမ်းရေးကော်မရှင်ပဲဖွဲဖွဲ့ ဘယ်ကော်မရှင်ပဲဖြစ်ဖြစ် ပြေလည်းမဲ့ လက္ခဏာမရှိဘူး။” ဟုပြောသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသူဖြစ်ပြီး ၄င်းတို့မှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများနှင့် ဖြစ်ပွားနေသည့် ပြဿနာများနှင့် ပြဿနာများကြောင့် ဖွံ့ဖြိုးမှု ဆုတ်ယုတ်သွားသည့်အခြေအနေများနှင့် ပြဿနာများ ထပ်မံမဖြစ်ပွားအောင် မည်သို့မည်ပုံဆောင်ရွက်ရန် နိုင်ငံတကာပညာရှင်များနှင့် ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၇ ခုနှစ်က ဖွဲ့စည်းကာ အကြံပြုချက်များ ရယူခဲ့သည်။