
ဇွန်လ ၈ ရက်၊ ၂၀၁၇ ခုနှစ်၊ သံတွဲမြို့ (DMG) ။ ။ သံတွဲအကျည်းထောင်တွင် ရာဇသတ်ကြီးပုဒ် မ ၃၀၂ / ၃၇၆ အမှု ရင်ဆိုင်လျှက်ရှိသော အဘ ဦးကုလား၏ သား ဦးဟန်မောင် (ခ) ငထွေး အသက် ၆၂ နှစ် မှာ အမှုရင်ဆိုင်ကာလ ၄င်းအား အမိန့် မချ သေးမီ ချောင်ဆိုးအမောဖောက်ကာ သံတွဲခရိုင်ဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သံတွဲမြို့မရဲစခန်းမှ သိရသည်။
အချုပ်သား ထောင်ဝင်အမှတ် သတ/၁၆/၀၀၁၅၂/(ခ) ဦးဟန်မောင် (ခ) ငထွေးမှာ ဇွန် ၃ ရက် နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က ချောင်းဆိုးပြီး အသက်ရှုကြပ် အမောဖောက်လာသဖြင့် သံတွဲခရိုင် ပြည်သူ့ ဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ခဲ့ရာ နံနက် ၁ နာရီ ၃၅ မိနစ် အချိန်တွင် သေဆုံးသွားခဲ့သောကြောင့် သံတွဲအကျည်းထောင်မှ လက်ထောက် ညွန်ကြားရေးမှူး ဦးဝင်းစိုးက ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်စေးပေးရန် သံတွဲမြို့မရဲစခန်းသို့ တိုင်တန်းလာသဖြင့် အမှုဖွင့် စစ်စေးဆောင်ရွက်လျှက်ရှိကြောင်း သံတွဲမြို့ရဲစခန်းမှ စခန်းမှူးဒုရဲမှူး ကျော်မျိုးထက်က DMG ကို ပြောသည်။
'' သံတွဲအကျည်းထောင်က လက်ထောက်ညွန်ကြားရေးမှူးက တိုင်တန်းလာတဲ့အတွက် သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၇ နဲ့ အမှုဖွင့်စစ်စေးဆောင်ရွက်နေပါတယ်။ '' ဟု ၄င်းကပြောသည်။
သေဆုံးသွားခဲ့သော အချုပ်သား ဦးဟန်မောင် (ခ) ငထွေး မှာ ၂၀၁၆ ခုနှစ် ဒီဇင် ၁၃ ရက်နေ့က သံတွဲမြို့စာနီတောင် ကျေးရွားနေ အသက် ၅ နှစ် အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းစီးခြင်းခံခဲ့ရပြီး သံတွဲခရိုင်တရားရုံးတွင် ၄င်းကို စစ်စေးနေစဉ်ကာလအတွင်း သေးဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။




