စက်တင်ဘာ ၆၊ ချလူးအောင်၊ DMG

မောင်တောမြို့နယ်၊ မြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာအုပ်စုအတွင်း အသစ်တည်ဆောက်ထားသော ဆေးပေးခန်းတစ်ခုရှိသော်လည်း ဆေးဝါးနှင့် ဝန်ထမ်းမရှိသောကြောင့် ကျေးရွာအုပ်စုအတွင်းမှ ဒေသခံ များမှာ ကျန်းမာရေးနှင့် ဆိုင်သည့် အခက်အခဲများရှိကြောင်းသိရသည်။

သစ်တုံးနား ကျေးရွာအုပ်စုအတွင်း ကျေးရွာသစ် ၂ ရွာကို အစိုးရမှ အသစ်တည်ဆောက်ပေးပြီး ဆေးပေးခန်းပါ တည်ဆောက်ပေးခဲ့သော်လည်း ယနေ့အချိန်အထိ ကျေးရွာသားများမှာ ကျန်းမာရေးစောင့်ရှောက်နိုင်မှု မရှိသေး သည့်အတွက် ယင်းကဲ့သို့ အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သစ်တုံးနား ခွဆုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

“အစိုးရဆောက်ပေးထားတဲ့ ဆေးခန်းရှိပါတယ်။ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။ စာသင်ကျောင်းမှာတော့ စာသင် ကြားနိုင်ပါပြီ ။ဆေးပေးခန်းတွေဆောက်လုပ်ထားပြီး ကျန်းမာရေးစောင့်ရှောက်နိုင်မှု မရှိတဲ့အတွက် ဒီကျေးရွာအုပ် စုက ပြည်သူတွေ အခက်အခဲရှိပါတယ်။ တမန်းသားကျန်းမာရေးဌာနက သူနာပြုဆရာမတွေကတော့ တစ်လ တစ်ကြိမ်လောက်လာပြီး ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။”ဟု ပြောသည်။

အဆိုပါ ဆေးပေးခန်းများမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဆေးပေးခန်း အပြင် စာကြည့်တိုက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့ကိုပါ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရ သည်။

ဆေးပေးခန်း မဖွင့်နိုင်သေးသော်လည်း တမန်းသားကျေးရွာအုပ်စုက တစ်လ တစ်ကြိမ်လာရောက်ကာ ကျန်းမာ ရေးစောင့်ရှောက် ပေးလျက်ရှိကြောင်း တမန်းသားကျေးရွာအုပ်စုတွင် တာဝန်ကျနေသည့် ကျန်းမာရေးမှူး ဦးမောင်သာထွန်းက ပြောသည်။

“တစ်လတစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှုကတော့ ပေးနေပါတယ်။ ဆရာဝန်တွေအပါဝင် ဆေးတွေကအစ ဆောင်ရွက်ပေးထားပါတယ်။ အခု ဒီဆေးပေးခန်းတွေကိုလည်း ကျန်းမာရေးဌာနကို အပ်နှံခြင်းမရှိသေးလို့ ဖြစ် ပါလိမ့်မယ်”ဟု ပြောသည် ။

တမန်းသားကျေးရွာ ကျန်းမာရေးဌာနမှာ ကျေးရွာပေါင်း ၂၀ ကျော်ကို တာဝန်ယူကာ ကျန်းမာရေးဆောင် ရွက်ပေးနေရခြင်းဖြစ်ပြီး သူနာပြုဆရာမတစ်ဦးလျှင် ကျေးရွာပေါင်း ၁၀ အထိ တာဝန်ယူ ကိုင်တွယ်နေရခြင်း ဖြစ်သလို ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်လည်း သွားလာရေး အဆင်မပြေမှုများ ရှိသည်ဟု သိရသည်။

သစ်တုံးနားခွဆုံကျေးရွာအုပ်စု ခုံတိုင်ကျေးရွာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ  တည်ဆောက်ထား သော အိမ် ထောင်စု ၆၀ နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောက်လုပ်ပေးထားသော အိမ်ထောင်စု ၄၄ စုတို့တွက် နေအိမ်များကို ဆောက်ပေးထားပြီး မိသားစုပိုလျံအိမ်ထောင်စု ၂၈ စုနှင့် ဘင်္ဂလာဒေရှ့်ဘက်မှ ခိုလှုံလာသော မိသားစု ၃၆ စု လူဦးရေ ၈၈၁ ဦးနေထိုင်လျက်ရှိကြောင်းလည်းသိရသည်။