ဆဋ္ဌမအကြိမ်မြောက် ရခိုင်သာခြင်းစာဆို တန်ခိုးဆရာထွန်းစာပေဆုပြိုင်ပွဲ၌ ဆုရရှိသူများအား တွေ့ရစဉ်။ ဓါတ်ပုံ - စိမ်းကိုကို

ခင်သရဖီဦး။ ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။   ။   သတ္တမကြိမ်မြောက်ရခိုင်သာခြင်းစာဆို တန်ခိုးဆရာထွန်းစာပေဆုပြိုင်ပွဲ၊ ပြိုင်ပွဲဝင် စာမူများကို ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ဖိတ်ခေါ်လျှက်ရှိကြောင်းသိရသည်။

တန်းခိုးဆရာထွန်းမှာ ကိုလိုနီခေတ်တင်ရှားသည့် သာခြင်း ရေးဆရာတစ်ဦးဖြစ်ပြီး သာခြင်းပေါင်းမြောက်များစွာကို ရေးသားခဲ့သည့် သာခြင်းရေးဆရာတစ်ဦးဖြစ်ကာ တန်ခိုးဆရာထွန်း စာပေဆုကို ရခိုင်စာပေနှင့်ယဉ်ကျေးမှုများကို တစ်ခြားတိုင်းနှင့်ပြည်နယ်များက ဖတ်ရှုသိရှိလာရန်၊ ရခိုင်ပြည်နယ်ထဲက ထူးချွန်ထက်မြက်သည့် စာပေပညာရှင်များပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ဆုကို ချီးမြှင့်ရခြင်းဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့က ရခိုင်ပြည်ထဲက တိမ်းမြုပ်နေတဲ့ ရခိုင်စာပေတွေကို ပြန်လည်ပေါ်ထွန်းလားစေချင်းတဲ့ ရည်ရွယ်ချက်နဲ့ပါ။  ရခိုင်ပြည်နယ်ထဲက ထူးချွန်ထက်မြတ်တဲ့ စာပေပညာရှင်တွေ ပေါ်ထွန်းလာစေချင်း ပါတယ်။နောက်ပြီးတော့ ရွက်ပုန်းသီးအဆိုရှင်တွေကို မြေတောင်မြှောက်ပေးချင်းတဲ့ ရည်ရွက်ချက်လည်းပါတယ်။  ”ဟု တန်းခိုးဆရာထွန်းစာပေဆုကျင်းပရေးကော်မတီ အထွေထွေ အတွင်းရေးမှူး စာရေဆရာ လွမ်းပြေအောင်ပြောသည်။

တန်းခိုးဆရာထွန်းစာပေဆုကို  ကဗျာဆု၊ ဆောင်းပါးဆု၊ ဝတ္ထုဆု၊ ကလေးကဗျာပေါင်းချုပ်ဆု၊ ဂီတစာဆိုဆုနှင့် တစ်သက်တာစာပေဆုတို့ကို အသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ဂီတစာဆိုဆုနှင့် တစ်သက်တာစာပေဆုကို ပြိုင်ဝင်ရန်မလိုပဲ ကော်မတီမှ ရွေးချယ်ပေးအပ်လျှက်ရှိကြောင်းလည်းသိရသည်။

လက်ရှိ ပြိုင်ပွဲဝင်ရမည့် ကဗျာမှာ  “ ရက္ခိတသမိုင်းလမ်း စိတ်ဝမ်းမကွဲ လက်တွဲ ညီညီ ရှေ့သို့ချီ “ ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ရမည်ဖြစ်ကာ  အနည်းဆုံး ပါဒ ၁၀၀၀ရှိရမည်ဖြစ်ပြီး ကာရန်မဲ့နှင့် မော်ဒန်ကဗျာများလုံးဝမဖြစ်စေရ။ ဆောင်ပါးကဏ္ဍမှာ ”ရခိုင်ရိုးရာ လူမှုဓလေ့ထုံးတမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၀တ္တု ကို “လွမ်းမကုန် ကမ်းယမုံသောင်ယံဦး” ခေါင်းစဉ်နှင့် ပြိုင်ရမည်ဖြစ်ပြီး ဆောင်ပါးနှင့် ၀တ္တုများကို အနည်းဆုံး ဖူးစကဒ် စာမျက်နှာ ၂၅ မျက်နှာ ရှိရမည်ဖြစ်သည်။

ကလေး ကဗျာ ပေါင်းချုပ်တွင် စာကြောင်းရေ ၈ ကြောင်း (သို့မဟုတ်) ၁၆ ပါဒခန့် ပါရှိသော ကဗျာပုဒ်ရေ (၄၀)ခန့် ရခိုင်စာသင်ရိုးအဖွဲ့မှ သတ်မှတ်ထားသော ရခိုင်အရေးအသား စာလုံးပေါင်း သတ်ပုံအ တိုင်း ရေးသားရမည်ဖြစ် ဟုသတ်မှတ်ထားကြောင်းလည်းသိရသည်။

တန်းခိုးဆရာထွန်း စာပေဆုသည် ရခိုင်ပြည်နယ်အတွင်းပေးအပ်သည့် တစ်ခုတည်းသော စာပေဆုအမျိုးအစားဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် တန်ခိုးကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။