
(အလုပ်ရုံဆွေးနွေးပွဲအပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးစဉ်။ ဓာတ်ပုံ - ဟန်နီခြူး)
ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၇ ခုနှစ်။ ။ ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှ
ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး UN-Habitat မှ National Programme Officer (DRR) ဒေါ်အေးဇာမျိုးဟန်က “ ရခိုင်ပြည်နယ်ဟာ သဘာဝဘေးအန္တရာယ်မှာဆိုလို့ရှိ
ဆွေးနွေးပွဲမှရသော ရလဒ်များကို မှတ်တမ်းပြုစု၍ ထွက်လာသည့် အစီရင်ခံစာကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက ပြည်နယ်အစိုးရကိုတင်ပြပြီး အကော်အထည်ဖော်သွားမည်ဟု ဒေါ်အေးဇာမျိုးဟန်က ပြောသည်။
သဘာဝဘေးအတွက် အကောင်းဆုံးသောအပိုင်းမှာ ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး သဘာဝဘေး ဖြစ်နေစဉ်အတွင်း ကြိုတင်ပြင်ဆင်ချက်များကို ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်း၊ သဘာဝဘေးဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို နည်းစနစ်ကျကျဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းက ပြောဆိုခဲ့သည်။
ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲအား တခြားတိုင်းနှင့်ပြည်နယ်များတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ ရခိုင်ပြည်နယ်တွင် နောက်ဆုံးအနေဖြင့် လာရောက်ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။




