
ဇွန်လ ၁၆ ရက်၊ ၂၀၁၇ ခုနှစ်၊ သံတွဲ (DMG) ။ ။ ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ် တစ်လင်တမယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အရေးယူခံရမှုမှာ ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ၁ မှု သာရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် လက်ရှိအချိန်အထိ စုစုပေါင်း ၃ မှု ရှိနေပြီဖြစ်ကြောင်း သံတွဲမြို့မရဲစခန်းက စုံစမ်းသိရှိရသည်။
တစ်လင်တစ်မယားဥပဒေနှင့် အရေယူခြင်းမခံရအောင် ပြည်သူများအနေဖြင့် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း သံတွဲမြို့နယ်မှ ဒုရဲမှူးကျော်မျိုးထက်မှ သူ့၏ အမြင်ကို DMG ကို ပြောပြသည်။
''တကယ်တန်းကတော့ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးတာအကောင်းဆုံးပေါ့။ ကျန်တဲ့ ကိစ္စကတော့
ကွဲကွာပြီးမှ နောက်တစ်ယောက်ယူတာ အကောင်းဆုံပြောရမှာပဲ။ အဓိကကတော့ ဥပဒေကို လိုက်နာဖို့ပေါ့ မလိုက်နာရင် ဒီဥပဒေက ထောင်ဒဏ် ၇ နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်တာဖြစ်တဲ့အတွက် လိုက်နာသင့်တယ် ပြည်သူကို သတင်းစကားပါးလိုပါတယ်။ '' ဟု ၄င်းက ပြောသည်။
တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၃ခုနှစ်က ပြဋ္ဌန်းခန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေမှာ
မျိုးစောင့်ဥပဒေလေးခု အနက်မှ တစ်ခုဖြစ်ပြီး ယင်း ဥပဒေ ပြဋ္ဌန်းပြီး မကြာခင်မှာပင် မြန်မာနိုင်ငံအနှံ့အပြားတွင် တစ်လင်တစ်မယာဥပဒေနှင့် အရေးထောင်ချခံရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
တစ်လင်တစ်မယားဥပဒေနှင့် ပတ်သက်ပြီး အထက်တန်းရှေ့နေ ဦးသီဟစိုးကလည်း သူ့၏အမြင်ကို DMG အားယခုလိုပြောပြသည်။
'' ကျနော့် အယူအဆအနေနဲ့ ပြောရရင် တစ်လင်တစ်ဥပဒေက ရှိသင့်တယ် ဒါပေမဲ့ ဥပဒေတွေ ပုဒ်မတွေ ဆိုတာထက် ကိုယ့်လူမှုရေးကို ကိုယ်ဆင်ခြင်တာအကောင်းဆုံးပဲ စာအုပ်ကြီးအတိုင်းလုပ်တာထက် ရိုးတန်းတန်းလုပ်တာကို သဘောကျတယ်။ ဥပမာ ၆၆ ဃ လိုပေါ့။ ဒီနှစ်ခုဟာ သဘောတရားခြင်း ခက်ဆင်ဆင်တူတယ်။ ၆၆ ဃ မှာ ပြင်ဆင်ရမယ်ဆိုတဲ့ အုက်စုတစ်စုရှိတယ် လုံးလုံးကို ပယ်ဖျက်ရမယ်ဆိုတဲ့ အုပ်စုတစ်စုရှိတယ်။ ကျနော် ကတော့ ပြင်စင်ရမယ်ဆိုတဲ့ အုပ်စု ကပေါ့ လုံးလုံးကြီးပယ်ဖျက်လိုက်ရင် ပရမ်းပတာတွေ ဖြစ်ကုန်မယ် အဲလိုပဲ တစ်လင့်တစ်မယား ဥပဒေကလည်းရှိသင့်တယ်။ ဒါပေမဲ့ အမြင့်ဆုံး ပြစ်ဒဏ် ၇ နှစ်ဆိုတာ တစ်ခြားတိုင်းပြည်တွေမှာ တောင်မရှိဘူး။ ပြစ်ဒဏ်ကိုတော့ လျှော့ပေါ့သင်တယ်။ ဥပမာ ၃၀၄ က နဲ့ လူသေရင် အမြင့်ဆုံးပစ်ဒဏ် ၅ နှစ်ပဲရှိတာ။ ၃၀၂ ဆိုရင် ၇ နှစ်။ အမြင့်ဆုံး ပြစ်ဒဏ် တစ်သက်တစ်ကျွန်းရှိတာ။ '' ဟု ၄င်းကပြောသည်။
တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပြဋ္ဌန်းလိုက်ခြင်းမှာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကို ပယ်ဖျက်ရာ ရောက်ပြီး မြန်မဓလေ့ထုံးတမ်းဥပဒေတွင် အိမ်ထောင်မှုခန်း အမွေခွဲဝေခန်းတို့ ပါရှိကာမယားပြိုင်စနစ်ကို လက်ခံထားသော်လည်း တစ်လင်တစ်မယားဥပဒေတွင် နောက်မိန်းမယူခြင်းမှာ တရားမဝင်ဟု ပြဋ္ဌန်းထားသည့်အတွက် ထိုဥပဒေနှစ်ခုမှာ ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ဥပဒေပညာရှင်များက ထောက်ပြထားသည်။




