(မြောက်ဦးသျှစ်သောင်းဘုရားပွဲ ရေပေါ်သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်ထားသော မီးသတ်တပ်ဖွဲ့။ ဓာတ်ပုံ - မြင်မြတ်ဖြူ)

မေလ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်၊ မြောက်ဦး (DMG) ။     ။    ရခိုင်ပြည်နယ်၏ အထင်ရှားဆုံးနှင်အစည်ကားဆုံးပွဲတော်ဖြစ်သည်မြောက်ဦးမြို့သျှစ်သောင်း ဘုရားပွဲတော် ကာလအတွင်း ရေပေါ်သင်္ကြန်နှင်ပွဲတော်ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် မြောက်ဦးခရိုင် မီးသတ်တပ်ဖွဲ့မှ ၂၄ နာရီ ဆောင်ရွက်လျက်ရှိကြောင်း မြောက်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးစံထွန်းကပြောသည်။

ပွဲတော်ကာလအတွင်း အပျော်စီးလောင်းလှေစီးသူများနှင်အနူမကန်အတွင်း ရေကစားသူများ ဘေးအန္တရာယ် ကြုံတွေ့မှုများရှိလာပါက ကူညီကယ်ဆယ်နိုင်ရန် တပ်ဖွဲ့ဝင်များမှ အချိန်ပြည်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ၎င်းကဆိုသည်။

ပွဲတော်ကာလအတွင်း အပျော်စီးလောင်းများစီးနှင်းရာတွင် အပျော်လွန်ပြီး သောက်စားမူးယစ် မှုများရှိသည်အတွက် ယခုကဲ့သို့ ကြိုတင် ဆောင်ရွက်ထားမှုသည် ကောင်းမွန်ကြောင်း မြောက်ဦး ဒေသခံကို အောင်ထွန်းမြင်ကပြောသည်။

ရခိုင်ပြည်အတွင်း မြောက်ဦးမြို့ရှိ သျှစ်သောင်း ဘုရားပွဲ၊ ကျောက်တော်တောင်ပွဲနှင်ဆံတော်ရှင် ပွဲတော်တို့သည် အထင်းရှားဆုံးပွဲတော်များဖြစ်ပြီး မကြာမှီက ကျင်းပခဲ့သည်ကျောက်တော်တောင် ရေပေါ်သင်္ကြန်ပွဲတော်တွင် ဒေသခံလူငယ်တစ်ဦး အပျော်လွန်ပြီး ရေနစ်သေဆုံးခဲ့ရကြောင်း သိရသည်။

ယခုနှစ်ကျင်းပသည်သျှစ်သောင်းဘုရားသည် မြောက်ဦးခေတ် ဘုင်မင်းဗာကြီးမှ ဘင်္ဂလာ ၁၂ မြို့နှင်ပေါ်တူဂီရေတပ်ကို အောင်နိုင်ခြင်းအထိမ်းအမှတ် တည်ထားခဲ့ခြင်းဖြစ်ပြီး၊ ပွဲတော်၏ ထူးခြားမှုအဖြစ် ရခိုင်ပြည်နယ်အတွင်း သျှစသောင်းဘုရားပွဲတွင်သာ တွေ့ရသည်အရှည် ၁၂ လံ (၆၄ ပေအရှည်ရှိ) ပြိုင်လောင်းပြိုင်ပွဲပါဝင်ပြီး၊ ကျင်ပြိုင်ပွဲ (နဘမ်းပွဲနှင်ဆင်တူသည်) ကျေးရွာ ပေါင်း ၅၀ ခန်ပါဝင်ယှဉ်ပြိုင်သည်ဘောလုံးပြိုင်ပွဲများမှာ ထင်ရှားသည်ပြိုင်ပွဲများဖြစ်ကြောင်း သိရသည်။

Author: DMG