မောင်တောဒေသခံများက ဆန္ဒထုတ်ဖော်နေကြစဉ်

နေရောင်မင်း(စစ်တွေ)၊ DMG

စက်တင်ဘာ ၁၁၊ မောင်တော

အကူအညီလိုအပ်နေသူများကို ကြားနေပြီး ခွဲခြားမှုမရှိပဲ အရေးပေါ်အကူအညီများပေးရန် ဆောင်ရွက်လျက်ရှိသည်ဟု ICRC က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရှင်းလင်းလိုက်သည်။

 မောင်တောမြို့နယ် တောင်ပြိုမြို့အနီးရှိ နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်ကြသည့် ဘင်္ဂလီများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( MRCS )နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ( ICRC )တို့မှ စားနပ်ရိက္ခာများထောက်ပံ့ပေးမည့် အစီအစဉ်ကို ကန့်ကွက်ကြောင်း မောင်တောဒေသခံများက ယင်းနေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းသို့ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် အကူအညီလိုအပ်နေသူများကို ကူညီပေးခြင်းသည်ဟု ICRC ၏ တာဝန်တစ်ရပ်ဖြစ်သည်ဟု ရှင်းလင်းချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်လျက်ရှိကြသူများအား အသက်ရှင်နေထိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မြန်မာဘက်ခြမ်းမှပေးရန် ကြက်ခြေနီလှုပ်ရှားမှုများကို ဖိတ်ခေါ်ထားသည်ဟု အဆိုပါအဖွဲ့က ရှင်းလင်းသည်။

အစိုးရအား ဆန့်ကျင်ပြီး မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားသောကြောင့် ၎င်းတို့ကို အကူအညီပေးရန် အလိုမရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် ရိက္ခာထောက်ပံ့ပေးမှုအလိုမရှိကြောင်း မောင်တောဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။