“ ရသေ့တောင်မှာ ကျွန်တော့သား တော်တော်အခြေနေကောင်းမယ်လို့ ထင်တယ်။ ကျွန်တော့ဇာတိမြို့ဖြစ်လို့ ကျွန်တော်ပြိုင်ခိုင်းထားတာ တကယ်တမ်း ကျွန်တော့သားကို ရသေ့တောင်ပြည်သူတွေက မဲမပေးခဲ့ဘူးဆိုရင် ရခိုင့်နိုင်ငံရေးလောကမှာ မနေတော့ဘူး။ ကျွန်တော့ကိုယ်စား မဲပြိုင်ဖို့ တာဝန်ပေးထားတာ”

ခိုင်ရိုးလ DMG
စက်တင်ဘာ ၁၄၊ စစ်တွေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမည်ပြောင်းခိုင်းထားသည့် အဖရခိုင်ပါတီကို ရခိုင်ဦးဆောင်ပါတီ သို့မဟုတ် ရခိုင်ရှေ့ဆောင်ပါတီအဖြစ် အမည်ပြောင်းမည်ဟု ပါတီဦးဆောင် တည်ထောင်သူ ဒေါက်တာ အေးမောင်က ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြောသည်။
“ အဖရခိုင်ပါတီဟာ ကျွန်တော်တည်ထောင်တဲ့ပါတီ။ နာမည်ပြောင်းခိုင်းတဲ့အခါ ရခိုင်ဦးဆောင် ပါတီဖြစ်မှာလား ရခိုင်ရှေ့ဆောင်ပါတီဖြစ်မှာလား ကျွန်တော်တို့ညှိနှိုင်းနေကြတယ်” ဟုပြောသည်။
ယင်းပါတီကို တည်ထောင်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်သို့ စက်တင်ဘာလအတွင်းတွင် မှတ်ပုံတင်မည်ဟု ပါတီတည်ထောင်သူများက ပြောသည်။
အဖရခိုင်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “အဖ”ဟူသည့်စကားလုံးပါဝင်နေမှုကြောင့် လက်ခံခြင်းမပြုဘဲ တခြားနာမည်တစ်ခုပြောင်းရန် သြဂုတ်လ ၃၁ ရက်နေ့က ခေါ်ယူသတိပေးခဲ့သည်။
အဆိုပါ အဖရခိုင်ပါတီ၏ ဦးဆောင်သူများထဲတွင် ဒေါက်တာအေးမောင်သား ဦးတင်မောင်ဝင်းလည်းပါဝင်ပြီး ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလိက အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သည်။ ယင်းရွေးကောက်ပွဲတွင် သူ့သား အနိုင်မရခဲ့လျှင် ရခိုင့်နိုင်ငံရေးလောကကို ကျော့ခိုင်းသွားမည်ဟုလည်း ပြောသည်။
“ ရသေ့တောင်မှာ ကျွန်တော့သား တော်တော်အခြေနေကောင်းမယ်လို့ ထင်တယ်။ ကျွန်တော့ဇာတိမြို့ဖြစ်လို့ ကျွန်တော်ပြိုင်ခိုင်းထားတာ တကယ်တမ်း ကျွန်တော့သားကို ရသေ့တောင်ပြည်သူတွေက မဲမပေးခဲ့ဘူးဆိုရင် ရခိုင့်နိုင်ငံရေးလောကမှာ မနေတော့ဘူး။ ကျွန်တော့ကိုယ်စား မဲပြိုင်ဖို့ တာဝန်ပေးထားတာ” ဟု ၎င်းက ဆိုသည်။
အဖရခိုင်ပါတီသည် ပါတီတည်ထောင်ခွင့်ကို ဖေဖော်ဝါရီလအတွင်းက လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပါတီခွင့်ပြုချက်မကျသေးသောကြောင့် ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးတင်မောင်ဝင်းကို တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည




