ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နေရောင်မင်း/DMG

ဧပြီလ ၂၄၊စစ်တွေ

အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအနီး တံတား၌ ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးအား တူမီးသေနတ် ၁ လက် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အမ်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ လုံခြုံရေးဆောင်ရွက် လျက်ရှိ စဉ် အမ်းမြို့ဘက် မှ ကဇူးကိုင်းကျေးရွာဘက်သို့ မောင်းနှင် လာသောမော်တော်ဆိုင်ကယ်တစ်စီးကို မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး ကျေးရွာနေသူ ညီပု(ခ)စောဝင်းမောင်၊ ၃၅ နှစ်(ဘ) ဦးသိန်းမောင်ကို တူမီးသေနတ် ၁ လက်နှင့် ဆက်စပ် ပစ္စည်းများ၊ ဓားမ ၁ ချောင်းတို့နှင့်အတူ ဖမ်းဆီးရ မိခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လက်နက်/ဆက်စပ်ပစ္စည်းများနှင့်အတူ အမ်းမြို့မရဲစခန်းသို့ လွှဲပြောင်း အပ်နှံပေးခဲ့ပြီး တရားဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။